ကိုယ်ယုံကြည်နေပါတယ် မင်းမျက်ဝန်းလေးတွေ
နှစ်ဦးရင်ထဲ ဖွင့်မပြောလဲ သိနေတယ်
ရင်ခုန်သံတွေပျိုမြစ်ချိန် လျှောက်ခဲ့ကြတဲ့လမ်းတွေ
မမေ့နိုင်ဘူး ခြေရာတွေဟာ အတိတ်မြက်ခင်း....
အချစ်ဦးရေ မျှော်ကာနေမယ် ဘယ်နေရာမှာပဲ
မင်းရောက်နေ တစ်ချိန်ချိန်မှာ နင်လေပြန်ခဲ့
နင့်အချစ်တွေ ထားခဲ့ ငါ့ရင်ထဲ ပြန်လည်ရှင်သန်ခွင့်ပေးပါ
အချစ်များစွာမျှော်ကာနေမယ် ဘယ်ရင်ခွင်ထဲမင်းရှိနေ
ပြန်လာပါလေ အရင်နေရာကတံခါးလေး ဖွင့်ထားပါတယ်
အချစ်ဦးလေးမင်းကို မမေ့သေးဘူး ယနေ့တိုင်ပဲ....
အချိန်ရာသီစက်ဝိုင်း အလွမ်းရဲ့မှတ်တိုင် အနူးညံ့ဆုံး
ဆုံမှတ်တို့ နီးချင်ပြီ ရေဆန်လေဆန် ဘ၀လမ်းမှာ
ပန်းခင်းမဟုတ်တဲ့အချစ်တွေ လျှို့ဝှက်ထား
တကယ်ဆိုငါတို့မဝေးလိုပါ....
(အချစ်ဦးရေ မျှော်ကာနေမယ် ဘယ်နေရာမှာပဲ
မင်းရောက်နေ တစ်ချိန်ချိန်မှာ နင်လေပြန်ခဲ့
နင့်အချစ်တွေ ထားခဲ့ ငါ့ရင်ထဲ ပြန်လည်ရှင်သန်ခွင့်ပေးပါ
အချစ်များစွာမျှော်ကာနေမယ် ဘယ်ရင်ခွင်ထဲမင်းရှိနေ
ပြန်လာပါလေ အရင်နေရာကတံခါးလေး ဖွင့်ထားပါတယ်
အချစ်ဦးလေးမင်းကို မမေ့သေးဘူး ယနေ့တိုင်ပဲ....)x3
Download Link
Mediafire
Saturday, March 1, 2014
အချစ်ဦး by ဟဲလေး & ရဲရင့်အောင်
Posted by Unknown at 11:07 AM Labels: He' Lay, Lyrics, Ye' Yint Aung 0 commentsWednesday, August 28, 2013
သစ္စာ by Bunny Phyo & ဆိုတေး
Posted by Unknown at 2:17 PM Labels: Bunny Phyo, Lyrics, So Tay 0 comments
အချစ်ဟာခါးလား အရမ်းချိုမြိန်သလား
သိနိုင်စွမ်းတွေ ရှိခွင့်တောင်မရ...
အချစ်ဟာငါ့ဘ၀ ငါ့အိပ်မက်များ
ဖြစ်တည်မှုတွေ အရာရာဖန်ဆင်းပေးလို့ထား...
အောင်မြင်ခြင်းတွေ ရှုံးနိမ့်ခြင်းတွေ
အတူတူတို့နှစ်ယောက်ဖြတ်ကျော်ခဲ့ပြီးမှ...
ဘယ်လိုမှမထင်မှတ်ထားတဲ့ ဒီလိုဘ၀ရဲ့
လှည့်ကွက်များ ငါ့အနားမှာမင်းမရှိတာ
ဒီတစ်ခါဆောင်းနွေမိုးတွေပြီးရင်
နောက်ထပ်တစ်နှစ်ပါလား.....
မင်းရှိသည်ဖြစ်စေ မင်းမရှိသည်ဖြစ်စေ
ဒါဟာငါ့ရဲ့သစ္စာတရား ရင်မှာမင်းတစ်ယောက်ပဲ
ငါမြတ်နိုးလို့တန်ဖိုးထား....
မင်းချစ်သည်ဖြစ်စေ မင်းမချစ်သည်ဖြစ်စေ
ငါဟာအမြဲချစ်သွားမှာပါ အချိန်တွေပြောင်းလို့သွား
ငါမပြောင်းလဲပါ ရင်မှာအမြစ်တွယ်ခဲ့ပြီ
မင်းအတွက်ငါ့သစ္စာ....
အဆိပ်ရည်လူးမြှား ငါ့ရင်ဘတ်အားစိုက်လို့သွားချိန်
ငါလေဘာမှမသိတော့ပါလား မင်းစေခိုင်းသမျှ
မင်းအလိုတော်ကျလုပ်ခဲ့ပေးတာ ငါသိပ်ချစ်လို့သိလား
မာန်မာနတွေ အိုး... သိက္ခာတရားတွေ ဘာဆိုဘာမှ
ထည့်ကာငါမစဉ်းစား....
ဘယ်လိုမှမထင်မှတ်ထားတဲ့ ဒီလိုဘ၀ရဲ့
လှည့်ကွက်များ ငါ့အနားမှာမင်းမရှိတာ
ဒီတစ်ခါဆောင်းနွေမိုးတွေပြီးရင်
နောက်ထပ်တစ်နှစ်ပါလား.....
(မင်းရှိသည်ဖြစ်စေ မင်းမရှိသည်ဖြစ်စေ
ဒါဟာငါ့ရဲ့သစ္စာတရား ရင်မှာမင်းတစ်ယောက်ပဲ
ငါမြတ်နိုးလို့တန်ဖိုးထား....
မင်းချစ်သည်ဖြစ်စေ မင်းမချစ်သည်ဖြစ်စေ
ငါဟာအမြဲချစ်သွားမှာပါ အချိန်တွေပြောင်းလို့သွား
ငါမပြောင်းလဲပါ ရင်မှာအမြစ်တွယ်ခဲ့ပြီ
မင်းအတွက်ငါ့သစ္စာ....) x2

Monday, August 26, 2013
ထိုင်ခုံလေး by အောင်လ
Posted by Unknown at 9:49 AM Labels: Aung La, Lyrics 0 comments
ထိုင်နေကျထိုင်ခုံလေးမှာ အရင်လူတွေရေးခြစ်ခဲ့သော
အကြောင်းအရာများ ဘယ်သူကဘယ်လိုမျိုးချစ်တာ
နေရာစုံအပြည့်ရှိနေတဲ့အမှတ်တရများ ဘယ်လိုမှ
မဟောင်းပါ အကောင်းအတိုင်းရှိနေဆဲပါ...
တစ်ခါတလေမိုးတွေရွာတဲ့အချိန် ရေတွေစိုရွှဲလို့နေတဲ့
အမှတ်တရလေးတွေ ထိုင်ခုံလေးငိုနေသလားဟေ့
ထိုင်သူမရှိတဲ့မင်းနေရာလေး မလာနိုင်တော့ပါဘူးလေ
တစ်ခန်းရပ်ပြဇာတ်တွေ...
အတူပြောခဲ့တဲ့စကား ထိုင်ခုံလေးလည်း ကြားပါတယ်
ကြင်နာခဲ့တဲ့နေ့ရက်တိုင်းဟာ ထိုင်ခုံလေးသက်သေပဲ
တို့နှစ်ယောက်ရဲ့ နာမည်လေးလည်း ရှိပါတယ်
အလယ်မှာရှိတဲ့ အသည်းလေးကတော့ တခြမ်းစီ
ကွဲသွားပြီကွယ် ထိုင်ခုံလေးရယ်...
ထိုင်နေကျထိုင်ခုံလေးမှာ အရင်လူတွေရေးခြစ်ခဲ့သော
အကြောင်းအရာများ ဘယ်သူကဘယ်လောက်ထိချစ်တာ

Wednesday, August 7, 2013
အရောင်မဆိုးနဲ့ by Nine One Feat. Ni Ni Khin Zaw
Posted by Unknown at 6:03 AM Labels: Lyrics, Ni Ni Khin Zaw, Nine One 0 comments
နင်သာ ငါ့အား ထားသွားနိုင်ခဲ့တာ
အရာရာအကုန်လုံး ငါမေ့ပျောက်လို့မရလို့
နင်မပါတဲ့နေ့ညတို့ အချိန်ရှိတိုင်းသတိရလို့
ငါတစ်ယောက်တည်း ဖေးမမယ့်သူမရှိ...
နင်သာကံကောင်းတဲ့သူဆိုရင် ငါဟာအခုကံဆိုးတဲ့လူ
နင့်အကြည့်နင့်အပြုံး ဘယ်တော့မှငါမရိုးခဲ့ဘူး
နင်ပဲငါ့ရဲ့အချစ်တွေအားလုံး စုပုံပြီးရိုက်ချိုးခဲ့သူ
အရင်ဘဲနောက်ဘဲ တစ်ယောက်ပြီးတစ်ယောက်ဆီ
ဆက်ပြီးဒိုးတဲ့သူ ငါခင်းသမျှရွှေ့သမျှ အကွက်တွေလည်း
ငါမသိရဟ "က"ကြီးမှ "အ" အထိ ဆုံးအောင်သိတော့မှ
နာကျည်းရ နင်လုပ်သောအကြောင်းအရာတွေသာ
ငါတို့ကြားကာဆီးထား ငါ့ဘ၀ထဲအခုဝင်ကြည့်
မင်းဆိုတာပါပြီးသား ငါမသိပါ မျက်ရည်က
သူ့အလိုလိုကျလာတယ် သူတစ်ပါးစိတ်ချမ်းသာတော့
ကုသိုလ်ပိုရပါတယ် မျက်နှာကကလေးလိုနဲ့
နောက်ကျောကို ဓားထောက် နင်ငါ့ကိုချစ်တယ်ပြော
တကယ်တမ်းတော့ အခြားတစ်ယောက်
အဖေကြောင့်အမေကြောင့် ဘာကြောင့်ညာကြောင့်
အမျိုးမျိုးနဲ့ အချစ်ဝတ္ထုထဲကစကားတွေငါ့ကို
လာပြီးဆေးမထိုးနဲ့ ဒီကမ္ဘာမှာနင်မရှိတော့ဘူးဆိုတဲ့
စိတ်နဲ့ နေကြည့်ခိုင်းတယ် ဒီကမ္ဘာမှာနင်မရှိတော့ရင်
ရှင်လျက်နဲ့ငါ သေသည့်အတိုင်းပဲ...
နာနာ ... ငါ့အား ထားသွားနိုင်ခဲ့တာ
အရာရာအကုန်လုံး ငါမေ့ပျောက်လို့မရလို့
နင်မပါတဲ့နေ့ညတို့ အချိန်ရှိတိုင်းသတိရလို့
ငါတစ်ယောက်တည်း ဖေးမမယ့်သူမရှိ...
ငါ့အတွက်ဘယ်တော့မှနင်မကြည့် စာနာမှုမရှိ
စိတ်ကြိုက်ငါ့ကိုအရုပ်လို အိပ်မက်များစွာဖန်တီးလို့
အရောင်ဆိုးနေတုန်း ငါသာရူးမတတ်ချစ်ခဲ့ရ...
အရင်ကငါ့ကိုယ်ငါဒီဇာတ်လမ်းရဲ့ မင်းသားထင်ဖူးတယ်
မင်းပေးတဲ့အယုအယတွေ မင်းစကားတွင်ရူးခဲ့
နားကြပ်တစ်ခုကို တစ်ဖက်ဆီတပ်ရင်း သီချင်း
နားဆင်ဖူးတယ် ငါတို့နှစ်ယောက်ရဲ့အနာဂတ်
အရှင်းသားမြင်ဖူးတယ် မစဉ်းစားချင်ဘူးတကယ်
ငါ့အပြင်နောက်တစ်ယောက် သူအရန် ထားမယ်
နင့်အကြောင်းတွေကြားရလွန်းလို့ ငါ့ရဲ့နားထဲ
ပလူပျံသွားတယ် facebook အကောင့်ဖွင့်တယ်
တစ်လောကလုံးနဲ့ ကြူရန်အလားပဲ
သက်ရောက်မှုတိုင်းမှာသာ တန်ပြန်သက်ရောက်မယ်
ဆိုမင်းအတွက်မှားတယ် နွေပြီးတော့မိုးတွေကျ
နောက်ဆုံးကျမှဆောင်းဝင်သလို တစ်နှစ်မှာ
သုံးယောက်လောက် နင်ကအနည်းဆုံးပြောင်းချင်လို့
ငါ့မှာတော့အခုထိရူးလို့ နင့်ရင်ထဲဝင်အောင်းချင်လို့
ငါ့အတွက်နင်က မျက်နှာများတဲ့ကောင်းကင်မို့
နင်ပြောတော့ငါ့အမှား အရှင်းသားကြီး
ဘယ်သူပိုမှားလဲ ငါ့ဘ၀ကိုစိတ်ကြိုက် နင်းသွားပြီး
သူမလိုမှဖယ် သူ့ဘ၀ကျပန်းချီကားလို
စဉ်းစားပြီး သူလိုသမျှခြယ် သိပ်ကြောက်ဖို့ကောင်းတယ်
နင်က ထမင်းစားပြီး လူလိုနားမလည်...

Friday, July 5, 2013
Crush by Shwe Htoo
Posted by Unknown at 1:24 PM Labels: Lyrics, Shwe Htoo 0 comments
အိုတွေးနေလို့ ငါ့အချစ်တွေကို အို...
စူးရှနေပါတယ် မင်းအကြည့်တွေကြောင့်
အတန်းထဲမှာငါ အမြဲတွေ့နေကျ
မိန်းကလေးတွေမမြင်ပါကွာ မင်းတစ်ယောက်တည်း...
ဖွင့်မပြောပေမယ့် အချစ်စကားတွေရှိ
ဒီသီချင်းဆိုရင် သတိထားမိမလား
နေ့စဉ်..တွေ့ချင်.. ငါမျှော်နေတတ်လို့
ဆုံတွေ့ချိန်ခဏ အခိုက်အတန့်လေး
နင့်အပြုံးမြင်ရင် ငါငေးတတ်သည် ရူးပြီ..
မတတ်နိုင် အရင်လိုတောင်မဟုတ်တော့
ငါလေတစ်ဖက်သတ်ချစ်ရုံကလွဲလို့ (လွဲလို့)
မ၀ံ့မရဲခိုးခိုးကြည့်နေတာ သူမတော့မသိပါ
မျက်ဝန်း..တစ်ချက်တစ်ချက်အကြည့်ဆုံရင် ငါ့မှာ(ငါ့မှာ)
မယုံနိုင်သွေးပျက်သွားလေသလား
အချစ်ဆိပ်တက်လို့ ရင်ခုန်နေဆဲခဏတာ..
မမျှော်လင့်ရဲပါဘူး မင်းရဲ့အချစ်တွေကို
နောက်ဆုတ်ရမှာလား ယောင်ချာချာနဲ့ပေါ့
မင်းလည်းသိတဲ့အတိုင်း ငါ့ရဲ့ရုပ်ကဆိုး
မင်းငြင်းလိုက်လေမလား ..(ငါလေတကယ်ကြောက်နေတာပါ)
ဖွင့်မပြောပေမယ့် အချစ်စကားတွေရှိ
ဒီသီချင်းဆိုရင် သတိထားမိမလား
နေ့စဉ်..တွေ့ချင်.. ငါမျှော်နေတတ်လို့
ဆုံတွေ့ချိန်ခဏ အခိုက်အတန့်လေး
နင့်အပြုံးမြင်ရင် ငါငေးတတ်သည် ရူးပြီ..
မတတ်နိုင် အရင်လိုတောင်မဟုတ်တော့...

Saturday, June 15, 2013
V.I.P by Ye' Yint Aung
Posted by Unknown at 7:59 AM Labels: Lyrics, Ye' Yint Aung 0 comments
အမြဲတမ်းပဲရှိနေချင်တဲ့မင်းရဲ့ဘေးနားမှာ
အမြဲတမ်းပဲကြားချင်နေတဲ့မင်းရဲ့စကားများစွာ
မင်းတစ်ယောက်ပဲရှိတဲ့ဘ၀မို့
ငါ့ရဲ့လက်ကိုတွဲထားပါ...(that's right.. so let it go)
ငါ... ဟိုးတုန်းက ရည်းစားရှုပ်တော့
ထားရစ်ခဲ့မှာစိုးသူ စိတ်ချလိုက်မင်းကလွဲပြီး
ငါ့ရင်ဘတ်ကိုမတိုးဘူး ပြီးခဲ့တဲ့ကိစ္စအားလုံး
မီးရှို့ပြီးတော့ မေ့လိုက်ပါ ...
ဒီတစ်ဘ၀လုံးစာ နင်တစ်ယောက်ထဲရှိတယ်
you're my number one girl.. ဒါကိုနင်လဲသိတယ်
နင်ကငါ့အတွက် ငါကနင့်အတွက်
နင်ယုံကြည်ထားဖို့ you're my V.I.P...
you're my V.I.P...oh yeah(oh yeah...).. V.I.P...
you're my V.I.P... one and only queen
oh yeah(oh yeah...) ... V.I.P ...
အပေါင်းအသင်းများဝိုင်းကြပ်ကြလို့
ခဏတတတတ tag တယ်
ဖုန်းထဲက message ရှာလို့ ငါ့ထက်ဦးအောင်
ဖတ်တယ် ငါ့ဘက်ကရိုးသားပြီးသား
ရှင်းပြလို့မရ ဒုက္ခပဲ ...
မင်းနဲ့ပတ်သက်ပြီးတော့မှ အချစ်ဆိုတာကိုသိသူ
ငါ့ဘ၀ထဲမင်းကလွဲပြီး ဘာမှအရေးမကြီးဘူး
အမြဲတမ်းပဲအရှုံးပေးထားတဲ့
ငါ့ရဲ့အချစ်က မင်းအတွက်ပါ...woahh...

ok ok what? အမြဲတမ်းနှိပ်စက်တဲ့အိပ်မက်တွေ
အကြောင်း ရန်မဖြစ်ပဲနေကြရအောင်
တစ်ရက်တလေလောက် စိတ်တွေကောက် ok
ညလုံးပေါက်ကနေမနက်တွေရောက်
အနိုင်မကျင့်ပါနဲ့ နင်စွပ်စွဲချက်များအောက်
ပါးစပ်တွေညောင်း ဟုတ်ပြီ အနိုင်ယူသွားပါ
နင်ငါ့ကမ္ဘာရဲ့မရှိမဖြစ် နင်ဖန်ဆင်းတဲ့ melody
ငါ့အတွက်တော့ remix i got your back (got your back)
so what it do..oh love ပြဿနာထပ်လို့
မတက်ချင်ဘူး အရာရာအားလုံးကိုမေ့လိုက်တော့
ငါ့ရဲ့ပုခုံးထက်မှာမှေးလိုက်ပေါ့ နင်ဘယ်သွားမယ်
နင်ဘာစားမယ် နင်ဘာလုပ်ချင်တာလဲပြော yup
ချစ်ချစ်ချစ်ဖို့ကောင်းတယ် အရူးမလေးကိုကြည့်လို့
it's all for you တဲ့.. နင်သိဖို့...

*hearing* နဲ့ရေးလို့ အမှားပါကစိတ်မရှိပါနှင့် :)

Monday, May 13, 2013
Clarity by Sam Tsui (Zedd Cover)
Posted by Unknown at 3:48 AM Labels: English Songs, Lyrics, Sam Tsui, Video 0 commentsI dive in the frozen waves
Where the past comes back to life
Fight fear for the selfish pain
It was worth it every time
Hold still right before we crash
Cause we both know how this ends
Our clock ticks till it breaks your glass
And I drown in you again
Cause you are the piece of me
I wish I didn't need
Chasing relentlessly
I still fight and I don't know why
If our love is tragedy why are you my remedy?
If our love's insanity why are you my clarity?
Walk on through a red parade
And refuse to make amends
It cuts deep through our ground
And makes us forget all common sense
Don't speak as I try to leave
Cause we both know what we'll choose
If you pull, then I'll push too deep
And I'll fall right back to you
Cause you are the piece of me
I wish I didn't need
Chasing relentlessly
Still fight and I don't know why
If our love is tragedy why are you my remedy?
If our love's insanity why are you my clarity?
Why are you my clarity?
Why are you my remedy?

Subscribe to:
Posts (Atom)