ဖြူစင်တဲ့အချစ်များမင်းလှည့်စား ပုံပြင်လိုသူ့စကားသံလေးတွေ
ချိုမြိန်တဲ့အဆိပ်တစ်ခုမှန်းမသိခဲ့ဘူး ဟန်ဆောင်ကာ
အချစ်များအသုံးချသွား လိုနေချိန်ပြုစားတဲ့သူ့အပြုံး
မာယာတွေကြား စတေးခဲ့ငါ့ဘ၀လေး ...
အကြင်နာစစ်တဲ့အချစ်တွေပေးထားရဲ့သား
တခြားသောအိပ်မက်သစ်ကို မင်းရွေးချယ်သွား
အို...မပြတ်သားတဲ့ မင်းရဲ့စကားလုံးတွေကြား
နာကြည်းနေမိပြီ...
ဟိုအရင်ကပေးဆပ်ခဲ့ချိန်များ ပြန်လည်တွေးတိုင်း
အမှားတစ်ခုကိုပဲရယူခဲ့တာအရှုံး ငိုနေလည်း
ငါ့အတွက်ထူးမှာလား အချိန်တွေကကုစားသွားမှာပါ
ပြင်ဆင်ခဲ့ငါ့ရဲ့ရှေ့အနာဂတ် လှည့်ပြန်မသွားပါအတိတ်
မလိုတော့ဘူး မင်းလိုလူတစ်ယောက်အတွက်
ငါ့အချစ်တွေမပေးဆပ်နိုင်တော့ အို မလွမ်းပါနင်ယုံလိုက်
အဆုံးသတ်ပြီတို့နှစ်ဦးကြား ....
ဖြူစင်တဲ့အချစ်များမင်းလှည့်စား ပုံပြင်လိုသူ့စကားသံလေးတွေ
ချိုမြိန်တဲ့အဆိပ်တစ်ခုမှန်းမသိခဲ့ဘူး ဟန်ဆောင်ကာ
အချစ်များအသုံးချသွား လိုနေချိန်ပြုစားတဲ့သူ့အပြုံး
မာယာတွေကြား စတေးခဲ့ငါ့ဘ၀လေး ...
အကြင်နာစစ်တဲ့အချစ်တွေပေးထားရဲ့သား
တခြားသောအိပ်မက်သစ်ကို မင်းရွေးချယ်သွား
အို...မပြတ်သားတဲ့ မင်းရဲ့စကားလုံးတွေကြား
နာကြည်းနေမိပြီ...
ဟိုအရင်ကပေးဆပ်ခဲ့ချိန်များ ပြန်လည်တွေးတိုင်း
အမှားတစ်ခုကိုပဲရယူခဲ့တာအရှုံး ငိုနေလည်း
ငါ့အတွက်ထူးမှာလား အချိန်တွေကကုစားသွားမှာပါ
ပြင်ဆင်ခဲ့ငါ့ရဲ့ရှေ့အနာဂတ် လှည့်ပြန်မသွားပါအတိတ်
မလိုတော့ဘူး သစ္စာမရှိသူအတွက် ငါ့အချစ်တွေမပေးဆပ်နိုင်တော့
အို မလွမ်းပါနင်ယုံလိုက် အဆုံးသတ်ပြီတို့နှစ်ဦးကြား ....
အမှားအတွက်ဆုံးရှုံးသွားမယ့်နေ့တို့ရှိမနေဘူး
နေ့သစ်တို့ဆီးကြိုအလင်းသစ်များ ပုန်းကွယ်နေချင်တာ
မင်းအချစ်နဲ့အဝေးဆုံး ရှောင်ခွာခဲ့တစ်သက်တာအတွက်
မဆိုင်သူလိုညာပြီးအကြည့်တွေတစ်ဖက်ဆီ...........
ဟိုအရင်ကပေးဆပ်ခဲ့ချိန်များ ပြန်လည်တွေးတိုင်း
အမှားတစ်ခုကိုပဲရယူခဲ့တာအရှုံး ငိုနေလည်း
ငါ့အတွက်ထူးမှာလား အရှုံးများနဲ့အဆုံးသတ်မသွားချင်ပါ
ပြင်ဆင်ခဲ့ငါ့ရဲ့ရှေ့အနာဂတ် လှည့်ပြန်မသွားပါအတိတ်
မလိုတော့ဘူးသစ္စာမရှိသူအတွက်ငါ့အချစ်တွေမပေးဆပ်နိုင်တော့
အို မလွမ်းပါနင်ယုံလိုက် မလိုဘူးထွက်သွား ဟိုအဝေး.....
Download Link
Mediafire