အချစ်ဟာခါးလား အရမ်းချိုမြိန်သလား
သိနိုင်စွမ်းတွေ ရှိခွင့်တောင်မရ...
အချစ်ဟာငါ့ဘ၀ ငါ့အိပ်မက်များ
ဖြစ်တည်မှုတွေ အရာရာဖန်ဆင်းပေးလို့ထား...
အောင်မြင်ခြင်းတွေ ရှုံးနိမ့်ခြင်းတွေ
အတူတူတို့နှစ်ယောက်ဖြတ်ကျော်ခဲ့ပြီးမှ...
ဘယ်လိုမှမထင်မှတ်ထားတဲ့ ဒီလိုဘ၀ရဲ့
လှည့်ကွက်များ ငါ့အနားမှာမင်းမရှိတာ
ဒီတစ်ခါဆောင်းနွေမိုးတွေပြီးရင်
နောက်ထပ်တစ်နှစ်ပါလား.....
မင်းရှိသည်ဖြစ်စေ မင်းမရှိသည်ဖြစ်စေ
ဒါဟာငါ့ရဲ့သစ္စာတရား ရင်မှာမင်းတစ်ယောက်ပဲ
ငါမြတ်နိုးလို့တန်ဖိုးထား....
မင်းချစ်သည်ဖြစ်စေ မင်းမချစ်သည်ဖြစ်စေ
ငါဟာအမြဲချစ်သွားမှာပါ အချိန်တွေပြောင်းလို့သွား
ငါမပြောင်းလဲပါ ရင်မှာအမြစ်တွယ်ခဲ့ပြီ
မင်းအတွက်ငါ့သစ္စာ....
အဆိပ်ရည်လူးမြှား ငါ့ရင်ဘတ်အားစိုက်လို့သွားချိန်
ငါလေဘာမှမသိတော့ပါလား မင်းစေခိုင်းသမျှ
မင်းအလိုတော်ကျလုပ်ခဲ့ပေးတာ ငါသိပ်ချစ်လို့သိလား
မာန်မာနတွေ အိုး... သိက္ခာတရားတွေ ဘာဆိုဘာမှ
ထည့်ကာငါမစဉ်းစား....
ဘယ်လိုမှမထင်မှတ်ထားတဲ့ ဒီလိုဘ၀ရဲ့
လှည့်ကွက်များ ငါ့အနားမှာမင်းမရှိတာ
ဒီတစ်ခါဆောင်းနွေမိုးတွေပြီးရင်
နောက်ထပ်တစ်နှစ်ပါလား.....
(မင်းရှိသည်ဖြစ်စေ မင်းမရှိသည်ဖြစ်စေ
ဒါဟာငါ့ရဲ့သစ္စာတရား ရင်မှာမင်းတစ်ယောက်ပဲ
ငါမြတ်နိုးလို့တန်ဖိုးထား....
မင်းချစ်သည်ဖြစ်စေ မင်းမချစ်သည်ဖြစ်စေ
ငါဟာအမြဲချစ်သွားမှာပါ အချိန်တွေပြောင်းလို့သွား
ငါမပြောင်းလဲပါ ရင်မှာအမြစ်တွယ်ခဲ့ပြီ
မင်းအတွက်ငါ့သစ္စာ....) x2
Download Link
Mediafire
Wednesday, August 28, 2013
သစ္စာ by Bunny Phyo & ဆိုတေး
Posted by Unknown at 2:17 PM Labels: Bunny Phyo, Lyrics, So Tay 0 commentsMonday, August 26, 2013
ထိုင်ခုံလေး by အောင်လ
Posted by Unknown at 9:49 AM Labels: Aung La, Lyrics 0 comments
ထိုင်နေကျထိုင်ခုံလေးမှာ အရင်လူတွေရေးခြစ်ခဲ့သော
အကြောင်းအရာများ ဘယ်သူကဘယ်လိုမျိုးချစ်တာ
နေရာစုံအပြည့်ရှိနေတဲ့အမှတ်တရများ ဘယ်လိုမှ
မဟောင်းပါ အကောင်းအတိုင်းရှိနေဆဲပါ...
တစ်ခါတလေမိုးတွေရွာတဲ့အချိန် ရေတွေစိုရွှဲလို့နေတဲ့
အမှတ်တရလေးတွေ ထိုင်ခုံလေးငိုနေသလားဟေ့
ထိုင်သူမရှိတဲ့မင်းနေရာလေး မလာနိုင်တော့ပါဘူးလေ
တစ်ခန်းရပ်ပြဇာတ်တွေ...
အတူပြောခဲ့တဲ့စကား ထိုင်ခုံလေးလည်း ကြားပါတယ်
ကြင်နာခဲ့တဲ့နေ့ရက်တိုင်းဟာ ထိုင်ခုံလေးသက်သေပဲ
တို့နှစ်ယောက်ရဲ့ နာမည်လေးလည်း ရှိပါတယ်
အလယ်မှာရှိတဲ့ အသည်းလေးကတော့ တခြမ်းစီ
ကွဲသွားပြီကွယ် ထိုင်ခုံလေးရယ်...
ထိုင်နေကျထိုင်ခုံလေးမှာ အရင်လူတွေရေးခြစ်ခဲ့သော
အကြောင်းအရာများ ဘယ်သူကဘယ်လောက်ထိချစ်တာ

Wednesday, August 7, 2013
အရောင်မဆိုးနဲ့ by Nine One Feat. Ni Ni Khin Zaw
Posted by Unknown at 6:03 AM Labels: Lyrics, Ni Ni Khin Zaw, Nine One 0 comments
နင်သာ ငါ့အား ထားသွားနိုင်ခဲ့တာ
အရာရာအကုန်လုံး ငါမေ့ပျောက်လို့မရလို့
နင်မပါတဲ့နေ့ညတို့ အချိန်ရှိတိုင်းသတိရလို့
ငါတစ်ယောက်တည်း ဖေးမမယ့်သူမရှိ...
နင်သာကံကောင်းတဲ့သူဆိုရင် ငါဟာအခုကံဆိုးတဲ့လူ
နင့်အကြည့်နင့်အပြုံး ဘယ်တော့မှငါမရိုးခဲ့ဘူး
နင်ပဲငါ့ရဲ့အချစ်တွေအားလုံး စုပုံပြီးရိုက်ချိုးခဲ့သူ
အရင်ဘဲနောက်ဘဲ တစ်ယောက်ပြီးတစ်ယောက်ဆီ
ဆက်ပြီးဒိုးတဲ့သူ ငါခင်းသမျှရွှေ့သမျှ အကွက်တွေလည်း
ငါမသိရဟ "က"ကြီးမှ "အ" အထိ ဆုံးအောင်သိတော့မှ
နာကျည်းရ နင်လုပ်သောအကြောင်းအရာတွေသာ
ငါတို့ကြားကာဆီးထား ငါ့ဘ၀ထဲအခုဝင်ကြည့်
မင်းဆိုတာပါပြီးသား ငါမသိပါ မျက်ရည်က
သူ့အလိုလိုကျလာတယ် သူတစ်ပါးစိတ်ချမ်းသာတော့
ကုသိုလ်ပိုရပါတယ် မျက်နှာကကလေးလိုနဲ့
နောက်ကျောကို ဓားထောက် နင်ငါ့ကိုချစ်တယ်ပြော
တကယ်တမ်းတော့ အခြားတစ်ယောက်
အဖေကြောင့်အမေကြောင့် ဘာကြောင့်ညာကြောင့်
အမျိုးမျိုးနဲ့ အချစ်ဝတ္ထုထဲကစကားတွေငါ့ကို
လာပြီးဆေးမထိုးနဲ့ ဒီကမ္ဘာမှာနင်မရှိတော့ဘူးဆိုတဲ့
စိတ်နဲ့ နေကြည့်ခိုင်းတယ် ဒီကမ္ဘာမှာနင်မရှိတော့ရင်
ရှင်လျက်နဲ့ငါ သေသည့်အတိုင်းပဲ...
နာနာ ... ငါ့အား ထားသွားနိုင်ခဲ့တာ
အရာရာအကုန်လုံး ငါမေ့ပျောက်လို့မရလို့
နင်မပါတဲ့နေ့ညတို့ အချိန်ရှိတိုင်းသတိရလို့
ငါတစ်ယောက်တည်း ဖေးမမယ့်သူမရှိ...
ငါ့အတွက်ဘယ်တော့မှနင်မကြည့် စာနာမှုမရှိ
စိတ်ကြိုက်ငါ့ကိုအရုပ်လို အိပ်မက်များစွာဖန်တီးလို့
အရောင်ဆိုးနေတုန်း ငါသာရူးမတတ်ချစ်ခဲ့ရ...
အရင်ကငါ့ကိုယ်ငါဒီဇာတ်လမ်းရဲ့ မင်းသားထင်ဖူးတယ်
မင်းပေးတဲ့အယုအယတွေ မင်းစကားတွင်ရူးခဲ့
နားကြပ်တစ်ခုကို တစ်ဖက်ဆီတပ်ရင်း သီချင်း
နားဆင်ဖူးတယ် ငါတို့နှစ်ယောက်ရဲ့အနာဂတ်
အရှင်းသားမြင်ဖူးတယ် မစဉ်းစားချင်ဘူးတကယ်
ငါ့အပြင်နောက်တစ်ယောက် သူအရန် ထားမယ်
နင့်အကြောင်းတွေကြားရလွန်းလို့ ငါ့ရဲ့နားထဲ
ပလူပျံသွားတယ် facebook အကောင့်ဖွင့်တယ်
တစ်လောကလုံးနဲ့ ကြူရန်အလားပဲ
သက်ရောက်မှုတိုင်းမှာသာ တန်ပြန်သက်ရောက်မယ်
ဆိုမင်းအတွက်မှားတယ် နွေပြီးတော့မိုးတွေကျ
နောက်ဆုံးကျမှဆောင်းဝင်သလို တစ်နှစ်မှာ
သုံးယောက်လောက် နင်ကအနည်းဆုံးပြောင်းချင်လို့
ငါ့မှာတော့အခုထိရူးလို့ နင့်ရင်ထဲဝင်အောင်းချင်လို့
ငါ့အတွက်နင်က မျက်နှာများတဲ့ကောင်းကင်မို့
နင်ပြောတော့ငါ့အမှား အရှင်းသားကြီး
ဘယ်သူပိုမှားလဲ ငါ့ဘ၀ကိုစိတ်ကြိုက် နင်းသွားပြီး
သူမလိုမှဖယ် သူ့ဘ၀ကျပန်းချီကားလို
စဉ်းစားပြီး သူလိုသမျှခြယ် သိပ်ကြောက်ဖို့ကောင်းတယ်
နင်က ထမင်းစားပြီး လူလိုနားမလည်...

Subscribe to:
Posts (Atom)