Link Hovers from: DollieCrave.Com -->

Saturday, November 3, 2012

ဆုတောင်းမှားခဲ့သူ by Bunny Phyo

ရင်ထဲမှာရှိတဲ့စကားလုံးများ ငါ့နှုတ်ခမ်းကပြောဖို့မ၀ံ့ရဲပါ ငါ့အတွေးတွေထဲမှာ
မင်းရှိတာ မင်းသိမလား ဖွင့်ပြောဖို့ငါ့ရဲ့စကားလုံးများ နင့်အပြုံးတွေတွေ့ရင်
ပျောက်ဆုံးသွား စိတ်ကူးယဉ်ငါ့ရဲ့သတ္တိတွေ လွင့်ပျောက်ကာ...

ဒီလိုဆိုရင်ပိုကောင်းမလား အချစ်ကိုသိမ်းဆည်းထားရမလား ငါ့ရဲ့ရွေးချယ်မှုတွေ
ဒွိဟများနဲ့ရှုံးနိမ့်နောက်ဆုံးကျ....

တကယ်ငါ့ရဲ့အမှားတွေပါ နင်ရွေးလိုက်နင့်အတွက်သာ တစ်ခါမှချစ်ခွင့်မရဖူးခဲ့သူကို
နင်အသည်းခွဲလိုက်တာပါ နင်ပေးတဲ့အပြစ်တွေသာ ငါရသင့်တဲ့လူပါ အချစ်ကို
ပိုင်ခွင့်မရ..ငါဆုတောင်းမှားခဲ့တာလား....

မနက်ဖြန်ဆက်မယ့်ခြေလှမ်းများ မနေ့ကမင်းပါပါ့ဦးမလား ဘယ်တော့မှ နင့်ရဲ့
အမုန်းတွေမလိုချင်ပါကွာ...နင်မသိပါ ငါ့ရဲ့ချစ်ခြင်းများ ရင်ဘတ်မှာ စူးရှနစ်ဝင်
တောက်ပခြင်းတွေကင်းမဲ့လည်း ငါ့ရဲ့အချစ်တွေမင်းအတွက်ပဲ...

ရင်ခုန်သံတွေရိုက်ခွဲသွား မင်းနဲ့လုံးဝေ၀းပြီလား ငါ့ရဲ့ရွေးချယ်မှုတွေ
ဒွိဟများနဲ့ရှုံးနိမ့်နောက်ဆုံးကျ....

တကယ်ငါ့ရဲ့အမှားတွေပါ နင်ရွေးလိုက်နင့်အတွက်သာ တစ်ခါမှချစ်ခွင့်မရဖူးခဲ့သူကို
နင်အသည်းခွဲလိုက်တာပါ နင်ပေးတဲ့အပြစ်တွေသာ ငါရသင့်တဲ့လူပါ အချစ်ကို
ပိုင်ခွင့်မရ..ငါဆုတောင်းမှားခဲ့တာလား....ငါဆုတောင်းမှားခဲ့တာလား....

Download Link
Mediafire

0 comments:

Post a Comment