Link Hovers from: DollieCrave.Com -->

Wednesday, November 7, 2012

အလွမ်းနဲ့ကဗျာ by Shwe Htoo Feat. Ardan & Doe Pat


ဘယ်တော့မှလမ်းမခွဲကြေးဆိုသော ကိုယ်စီထားရှိခဲ့ကတိတွေ
တစ်နေရာစီဝေးသွားခဲ့ချိန်မှာတော့ အလွမ်းတို့ပဲကျန်ခဲ့
အရင်တုန်းကအမှတ်တရနေ့ရက်များ အရင်တုန်းကထားရှိကတိတို့က
ခုချိန်မှာ ပျောက်ပျက်သွား ဒဏ်ရာများနဲ့ရူးခဲ့ရသူပါ....

ကိုယ်စီဒဏ်ရာတွေနဲ့ပါ တစ်ပြည်တစ်ရွာတစ်နေရာစီဝေးသွားတဲ့အခါ
ပြန်လည်ဆုံနိုင်ဖို့ကို ဆုတောင်းရင်းလွမ်းနေမလား...
ဒီကမ္ဘာ ဒီနေရာလေးမှာ အတူတူထိုင်နေရင်းစကားများစွာလည်း
ရင်ခုန်ခဲ့သောအချိန်တွေ နင်မေ့လို့ရနေလား ချစ်သူရာ...

အနေကြာသူ့မေတ္တာက ကြာတော့ဝေဒနာတစ်ခုဖြစ်လာ
အဖြေရှာထုဆစ်ကာရှာတော့ မကြေညာဘူးတစ်နေ့မှာ
'မေ'လာ လုပစ်တဲ့အလွမ်းတွေ လေမှာဖူးပွင့်သာ
သေချာမှုအစစ်က သူကပြည်တစ်ရွာကူးရစ်ရှာ
မနေသာဘူးအချစ်ရာ ငါ့အသည်းလည်းမဖြေသာစူးနစ်ကာ
ဟိုအရင်တစ်ချိန်ကသွယ်တန်းသီတဲ့ ကေသာဦးဆီကအချစ်ပန်း
ညစ်နွမ်းရင်လည်းအပြစ်တန်းတင်ခဲ့ ဘာကိုမှအဆင့်အတန်းမဝင်ပဲ
ပန်ဆင်ဖို့ အမှန်မထင်တော့ရင် မြေမှာအခုပစ်ပါ
ကိန္နရီချောင်းခြားဆိုတဲ့ ရှေးအဆိုတွေမကြုံစဉ်အခါက
ပုံပြင်သာဓကလောက်သာ ကျုပ်ဘက်ကယုံချင်တာဗျ
ခုတော့လည်းခံစားသိမှ ထိုစကားကိုယုံချင်လာရ
နေဝင်မှနေထွက်သည်အထိ သူ့အကြောင်းပဲခုံမင်တာဟ
မြေမှာနွမ်းကြေလွင့်ပေ နွေကဗျာပန်းကြွေတစ်ပွင့်ရေ
ခြေရာအလှမ်းတွေဆင့်အောင် ဖွေရှာအလွမ်းတွေမငြင်းနဲ့
မေကညာအနမ်းတွေသစ်မယ့် နေရာကမ်းတွေဖြစ်ကွယ်
အသစ်ကမ္ဘာမှာပစ်ခွာသွားပြီ ပြည်တစ်ရွာလှမ်းနေရစ်တယ်


ကိုယ်စီဒဏ်ရာတွေနဲ့ပါ တစ်ပြည်တစ်ရွာတစ်နေရာစီဝေးသွားတဲ့အခါ
ပြန်လည်ဆုံနိုင်ဖို့ကို ဆုတောင်းရင်းလွမ်းနေမလား...
ဒီကမ္ဘာ ဒီနေရာလေးမှာ အတူတူထိုင်နေရင်းစကားများစွာလည်း
ရင်ခုန်ခဲ့သောအချိန်တွေ နင်မေ့လို့ရနေလား ချစ်သူရာ...
ကန်ဘောင်ပေါ်ကနင့်ရဲ့တချို့သောအချည်းနှီးအမှတ်တရတွေပါလား
ခရေပန်းပွင့်ကလေးများလည်း အသီးသီးနွမ်းလျကြွေကာကျ
နှုတ်ဆက်စကားရဲ့နောက်ပိုင်းမှာ ခရီးအပြီးထွက်သွားတယ်အပြင်ဌာန
ပြန်လည်ကာဖွေရှာမရသော အဓိပတိလမ်းကခြေရာများ
အစမှာသိပ်ပျော်ဖို့ကောင်းတယ် သို့သော်ရေရှည်ဖြစ်မလာခဲ့
မုန်တိုင်းကိုသတိပေးနေသော အေးစက်တဲ့လေပြေညင်းများပဲ
တရွေ့ရွေ့ လွင့်ပါးခဲ့တဲ့အဆုံးမှာ အခြေအနေတင်းမာခဲ့
သုံးလာတဲ့စကားလုံးများလည်း ကျုပ်ဘဝလုံးပါးပေတေခြင်းများနဲ့
ဒုက္ခကိုဆေးဆိုးထားတယ် အခုအရောင်မှိန်ကာပျောက်မသွားဖို့
ကျုပ်ဘဝကိုစတေးလို့နားလည် သူနောင်တစ်ချိန်မှာကောင်းစားဖို့
ရမ္မက်တဏှာတွေချိုးနှိမ်စိတ်နဲ့ အမှောင်ပိတ်ကာအနောက်ကဆို့
မျက်နှာလေးညှိုးနေလိမ့်မယ် လောင်းရိပ်များအောက်မှာဆို
ငါ့အကြောင်းတွေ အိမ်မက်မက်ရင်အရင်လိုလှပနိုင်ပါ့မလား
ရင်ဖိုသွားစရာတိုင်းတစ်ပါးသားပဲ ဖြစ်သလိုအစရှာရိုင်းပြမလား
နင့်လိုပကာသနအတိုင်းအတာမှာ အချစ်ကို ဓနက ပိုင်းကားသွား
အပြစ်မပြောပါ နင်သိဖို့ ဒီသီချင်းကိုချပြလိုက်တာပါ

ကိုယ်စီဒဏ်ရာတွေနဲ့ပါ တစ်ပြည်တစ်ရွာတစ်နေရာစီဝေးသွားတဲ့အခါ
ပြန်လည်ဆုံနိုင်ဖို့ကို ဆုတောင်းရင်းလွမ်းနေမလား
ဒီကမ္ဘာ ဒီနေရာလေးမှာ အတူတူထိုင်နေရင်းစကားများစွာလည်း
ရင်ခုန်ခဲ့သောအချိန်တွေ နင်မေ့လို့ရနေလား ချစ်သူရာ...
နောင်တစ်ချိန်မှာခဏနဲ့မတွေ့လည်း ဟိုအရင်လိုငါ့ရဲ့စိတ်ထဲ
မေ့ဖျောက်ဖို့ကြိုးစားရင်းနဲ့ သူ့အကြောင်းခေါင်းထဲဝင်လာမြဲ
ရေမြေတွေခြားလို့နေလည်း ထာဝစဉ်သာဆက်လို့ချစ်မြဲ
မင်းဘက်ကပစ်ခဲ့ရင်တောင် ငါ့ရဲ့ဘက်ကချစ်မှာအမြဲ...

ကိုယ်စီဒဏ်ရာတွေနဲ့ပါ တစ်ပြည်တစ်ရွာတစ်နေရာစီဝေးသွားတဲ့အခါ
ပြန်လည်ဆုံနိုင်ဖို့ကို ဆုတောင်းရင်းလွမ်းနေမလား...
ဒီကမ္ဘာ ဒီနေရာလေးမှာ အတူတူထိုင်နေရင်းစကားများစွာလည်း
ရင်ခုန်ခဲ့သောအချိန်တွေ နင်မေ့လို့ရနေလား ချစ်သူရာ...

Download Link
Mediafire

0 comments:

Post a Comment