Link Hovers from: DollieCrave.Com -->

Wednesday, March 27, 2013

ရေခဲရိုက်အပြုံး by မိစန္ဒီ (with MTV)

0 comments

အနာမကျက်သေးပါ အခုထက်ထိငါ အိပ်မက်များထဲ
ခဏခဏမင်းအကြောင်းတွေပဲရင်မှာမင်းအသံ
မင်းအငွေ့အသက်တွေ ခံစားလို့ရတုန်း မင်းအနား
ရောက်နေသလို….

ရင်ခုန်စရာအနမ်းတွေ ရင်ခုန်စွာမျှဝေခြင်းများလည်း
အို အကြိမ်ကြိမ်မရှိခဲ့ အနေတွေသိပ်မနီးလည်း
ဒီသံယောဇဉ် မသိစိတ်က ခိုင်မာစွာတည်ဆောက်ခဲ့

ငါယုံကြည်မိပါတယ် မသေချာလည်း ငါအခါတစ်ရာလွမ်းရင်
မင်းတစ်ခေါက်လောက်သတိရမယ်လို့အို မထင်မှတ်ပဲ
အပြင်မှာဆုံလေတိုင်း ငါသေချင်မိတယ် ဘာမှမဖြစ်ခဲ့သလိုမျိုး
နင်ပြုံးပြနေလို့အိုး ဟို.. နင်ပြုံးပြနေလို့…..

ဟန်ဆောင်ပြီးကွာ အပျော်ကစားခဲ့ခြင်းလား ဒါမှမဟုတ်
ခဏအရူးထချစ်ခဲ့သလား  တဒင်္ဂပေးတဲ့ ချစ်ခြင်းနဲ့အယုအယတွေ
ထင်နေတုန်းပဲ ဒါအမှန်လို့မဟုတ်ခဲ့ပေမယ့်

ရင်ခုန်စရာနေ့တွေ ရင်ခုန်စရာအဖြစ်တွေ အိုး အမှတ်တရများ
အလွန်နည်းလည်းဘယ်လိုတွေနင်လုပ်လဲ တကယ်တော်လွန်းတယ်
မလွတ်မြောက်ခဲ့ အလူးအလဲ ဒဏ်ရာများနဲ့

ငါယုံကြည်မိပါတယ် မသေချာလည်း ငါအခါတစ်ရာလွမ်းရင်
မင်းတစ်ခေါက်လောက်သတိရမယ်လို့အို မထင်မှတ်ပဲ
အပြင်မှာဆုံလေတိုင်း ငါသေချင်မိတယ် ဘာမှမဖြစ်ခဲ့သလိုမျိုး
နင်ပြုံးပြနေလို့အိုး ဟို.. နင်ပြုံးပြနေလို့…..

သတင်းတွေကြားမိပါတယ် ဟိုလူဒီလူဆီကတစ်ချက်ချက်
တောင်စောင်းမှာရပ်နေရသလို နင့်အကြောင်းကြားရင်
ရင်တွေတလှပ်လှပ် ပျော်စရာတွေလုံးဝနည်းလာ နင်နဲ့ပြတ်ခဲ့
ပြီးနောက်ရက်ဆက် ဒီအလွမ်းတွေငါ့ကိုသတ်နေတယ်
ငါနင့်ဆီဖုန်းတွေဆက်ချင်လည်း မလုပ်နဲ့မိစန္ဒီ နင်ဒီလောက်ထိ
အရှက်တွေမမဲ့နဲ့ ငါ့အသည်းလည်းမရှိတော့ဘူး ဖွာလန်ကြဲလို့
အက်နေခဲ့တယ် ဘယ်လို feeling ထည့်ခဲ့လဲ နင်အိုက်တင်
အရမ်းကိုပီပြင်ခဲ့ အကယ်ဒမီဆုအဖြစ်ပေးမယ် နှလုံးသားယူသွား
ရင်ကိုခွဲ ငါနင့်ကိုမုန်းတယ် နင်ငါနဲ့တွေ့ရင်မပြုံးနဲ့ ဒီအပြုံးတွေ
သိမ်းပိုက်ခဲ့တာ ငါပိုင်ဆိုင်ထားသမျှ အကုန်လုံးပဲ နင်က
ဘီလူးခေါင်းနဲ့မင်းသားမဟုတ်ဘူး ဒီထက်ဆိုးတယ်
မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးကြီး သတ်ချင်လောက်အောင်
မုန်းတယ် ငါနင့်ကိုမုန်းမှာပေါ့ အခုထိမေ့လို့မှမရတာကို
ငါနင့်ကိုမုန်းမှာပေါ့ အခုထိချစ်လို့မှမ၀တာကို ငါနင့်ကို
မုန်းမှာပေါ့ နှလုံးသားကတောင့်တသေးတာမို့  ငါနင့်ကို
မုန်းမှာပေါ့ နင်ငါ့ဘက် တစ်ချက်မှမတွေးတာမို့..
ရေခဲရိုက်ထားတဲ့ မျက်နှာထားနဲ့ အေးစက်စက်အပြုံး
နောင်တနဲ့ထောင်ကျခဲ့ ငါ့အဖြစ်ကဆိုး အရမ်းကြောက်သွားတယ်
ချောက်ခြားဖွယ် မင်းအတ္တတို့ ရှောင်ရှားကွယ် မြင်ကွင်းထဲ
ဘယ်တော့မှပေါ်မလာဖို့…..

ငါယုံကြည်မိပါတယ် မသေချာလည်း ငါအခါတစ်ရာလွမ်းရင်
မင်းတစ်ခေါက်လောက်သတိရမယ်လို့အို မထင်မှတ်ပဲ
အပြင်မှာဆုံလေတိုင်း ငါသေချင်မိတယ် ဘာမှမဖြစ်ခဲ့သလိုမျိုး
နင်ပြုံးပြနေလို့အိုး ဟို.. နင်ပြုံးပြနေလို့…..

Download Link
Mediafire

နင်သာရှိရင် by Nine One Feat. Gae Gae (with MTV)

0 comments

ငါ့အနားမှာ နင်သာရှိရင် အရာရာစွန့်လွှတ်နိုင်သွားပြီ ကျန်တာငါ့အတွက်
ဘာမှထပ်မလိုတော့ဘူးကွယ် နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်စီ ငါလေ
ပြေးထွက်လို့သွားချင် လူတွေအားလုံးရဲ့အဝေးဆုံး နေရာတစ်ခုဆီ..

ငါ့အနားမှာ နင်သာရှိရင် အရာရာစွန့်လွှတ်နိုင်သွားပြီ ကျန်တာငါ့အတွက်
ဘာမှထပ်မလိုတော့ဘူးကွယ် နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်စီ ငါလေ
ပြေးထွက်လို့သွားချင် လူတွေအားလုံးရဲ့အဝေးဆုံး နေရာတစ်ခုဆီ..

ငါ့ကိုစွဲလမ်းတတ်အောင်လုပ်ယူ ထပ်ပြီးချစ်တတ်လာအောင်လုပ်ယူ
မျက်ရည်လေးတွေဝဲပြီး ခွင့်လွှတ်လာအောင်လုပ်သူ နင်အရမ်းဆိုးတယ်နော်
ငါကလဲချစ်နေတုန်း ဘယ်သူဘာပြောပြော နင်မှနင်ပဲဖြစ်နေတုန်း
ကိုယ့်ကိုယ်ကိုယ်အံ့သြမိပါတယ် နင့်အပြောလေးတွေအောက်မှာ
ငါမျောမိပါတယ် အမြင်မတော်တာလေးတွေများရှိရင် ပြောမိပါတယ်
နင်မကြိုက်ဘူး right ok? Sorry ပါပဲရန်တွေဖြစ်လိုက် ပြဿနာတွေ
တက်လိုက် နောက်ဆုံးမပြတ်နိုင်တော့လည်း ပြန်အဆင်ပြေသွားလိုက်
တစ်ခါတလေနင့်အကြိုက် တစ်ခါတလေငါ့အကြိုက် ဘယ်သူမှ
ဝင်ပြောစရာမလိုဘူး နှစ်ယောက်တည်းလက်ဖ၀ါးရိုက် shake လိုက်
ငါတို့အဆင်ပြေနေရင် ပြီးရော ဘယ်သွားမယ် ဘာလုပ်မယ်
မင်းရဲ့သဘောပါမင်းပြော နင်ငါ့အပေါ်ကြိုက်သလိုဆိုးပါစေ ချစ်ဆဲ
ထိုအတွက်လည်း နင်သိပ်ကြိုက်တဲ့သီချင်းလို တကယ်ဆို
အချစ်ပဲလိုအပ်တယ်

ငါ့အနားမှာ နင်သာရှိရင် အရာရာစွန့်လွှတ်နိုင်သွားပြီ ကျန်တာငါ့အတွက်
ဘာမှထပ်မလိုတော့ဘူးကွယ် နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်စီ ငါလေ
ပြေးထွက်လို့သွားချင် လူတွေအားလုံးရဲ့အဝေးဆုံး နေရာတစ်ခုဆီ..
နင့်အဆိုးနင့်အပြစ်တွေ ဘာမှငါမသိချင် နှလုံးခုန်သံမရပ်မချင်း
ငါမင်းဘေးမှာအမြဲရှိချင် မျက်လုံးတွေမှိတ်လိုက် ပြောပါစိတ်ကြိုက်
ငါကအမြဲ မင်းရဲ့အလိုတွေလိုက် ခေါင်းတွေငြိမ့်လိုက် အိပ်မက်တွေထဲမှာ
နှစ်ယောက်တည်းတစ်ကမ္ဘာလုံး အမုန်းတွေပတ်အတူ ဖုန်းဘေ တွေတက်ပါတယ်ဆို
တစ်ညလုံးဖုန်းတွေဆက်ကြူ လုပ်ချင်တာလုပ်ထားပြီးရင် အလှဆုံး
ပြုံးနေတတ်သူ ငါ့အနားမှာနင်သာရှိရင် တစ်ဘ၀လုံးရှုံးပါစေမရပ်ဘူး
ငါလည်းမင်းလိုပါပဲ မာနမကင်းတဲ့လူ အခုတော့အရာအားလုံးကိုခ၀ါချရင်းနဲ့အတူ
အိပ်မက်တွေမက်ခဲ့ဖူးတယ် ထာဝရမင်းနဲ့အတူ အကျိုးအကြောင်း
အဆိုးအကောင်းအားလုံး လာသမျှရှင်းခဲ့သူ တစ်ချို့တွေရှိတယ်
မီးမှန်းသိလည်း တိုးနေမိတယ် အဲ့ဒီထဲငါပါနေတော့ ၀ိုင်းထိုးတဲ့လက်ညှိုးတွေ
ကြည့်လည်း နင့်အဆိုးတွေသိတဲ့လူတွေငါ့ကိုအကုန်ရယ်ပါစေ
မမုန်းဘူး နင်နဲ့မခွဲတော့ဘူး ငါယုံကြည်နေတုန်းပဲ