Link Hovers from: DollieCrave.Com -->

Wednesday, March 27, 2013

နင်သာရှိရင် by Nine One Feat. Gae Gae (with MTV)





ငါ့အနားမှာ နင်သာရှိရင် အရာရာစွန့်လွှတ်နိုင်သွားပြီ ကျန်တာငါ့အတွက်
ဘာမှထပ်မလိုတော့ဘူးကွယ် နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်စီ ငါလေ
ပြေးထွက်လို့သွားချင် လူတွေအားလုံးရဲ့အဝေးဆုံး နေရာတစ်ခုဆီ..

ငါ့အနားမှာ နင်သာရှိရင် အရာရာစွန့်လွှတ်နိုင်သွားပြီ ကျန်တာငါ့အတွက်
ဘာမှထပ်မလိုတော့ဘူးကွယ် နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်စီ ငါလေ
ပြေးထွက်လို့သွားချင် လူတွေအားလုံးရဲ့အဝေးဆုံး နေရာတစ်ခုဆီ..

ငါ့ကိုစွဲလမ်းတတ်အောင်လုပ်ယူ ထပ်ပြီးချစ်တတ်လာအောင်လုပ်ယူ
မျက်ရည်လေးတွေဝဲပြီး ခွင့်လွှတ်လာအောင်လုပ်သူ နင်အရမ်းဆိုးတယ်နော်
ငါကလဲချစ်နေတုန်း ဘယ်သူဘာပြောပြော နင်မှနင်ပဲဖြစ်နေတုန်း
ကိုယ့်ကိုယ်ကိုယ်အံ့သြမိပါတယ် နင့်အပြောလေးတွေအောက်မှာ
ငါမျောမိပါတယ် အမြင်မတော်တာလေးတွေများရှိရင် ပြောမိပါတယ်
နင်မကြိုက်ဘူး right ok? Sorry ပါပဲရန်တွေဖြစ်လိုက် ပြဿနာတွေ
တက်လိုက် နောက်ဆုံးမပြတ်နိုင်တော့လည်း ပြန်အဆင်ပြေသွားလိုက်
တစ်ခါတလေနင့်အကြိုက် တစ်ခါတလေငါ့အကြိုက် ဘယ်သူမှ
ဝင်ပြောစရာမလိုဘူး နှစ်ယောက်တည်းလက်ဖ၀ါးရိုက် shake လိုက်
ငါတို့အဆင်ပြေနေရင် ပြီးရော ဘယ်သွားမယ် ဘာလုပ်မယ်
မင်းရဲ့သဘောပါမင်းပြော နင်ငါ့အပေါ်ကြိုက်သလိုဆိုးပါစေ ချစ်ဆဲ
ထိုအတွက်လည်း နင်သိပ်ကြိုက်တဲ့သီချင်းလို တကယ်ဆို
အချစ်ပဲလိုအပ်တယ်

ငါ့အနားမှာ နင်သာရှိရင် အရာရာစွန့်လွှတ်နိုင်သွားပြီ ကျန်တာငါ့အတွက်
ဘာမှထပ်မလိုတော့ဘူးကွယ် နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်စီ ငါလေ
ပြေးထွက်လို့သွားချင် လူတွေအားလုံးရဲ့အဝေးဆုံး နေရာတစ်ခုဆီ..
နင့်အဆိုးနင့်အပြစ်တွေ ဘာမှငါမသိချင် နှလုံးခုန်သံမရပ်မချင်း
ငါမင်းဘေးမှာအမြဲရှိချင် မျက်လုံးတွေမှိတ်လိုက် ပြောပါစိတ်ကြိုက်
ငါကအမြဲ မင်းရဲ့အလိုတွေလိုက် ခေါင်းတွေငြိမ့်လိုက် အိပ်မက်တွေထဲမှာ
နှစ်ယောက်တည်းတစ်ကမ္ဘာလုံး အမုန်းတွေပတ်အတူ ဖုန်းဘေ တွေတက်ပါတယ်ဆို
တစ်ညလုံးဖုန်းတွေဆက်ကြူ လုပ်ချင်တာလုပ်ထားပြီးရင် အလှဆုံး
ပြုံးနေတတ်သူ ငါ့အနားမှာနင်သာရှိရင် တစ်ဘ၀လုံးရှုံးပါစေမရပ်ဘူး
ငါလည်းမင်းလိုပါပဲ မာနမကင်းတဲ့လူ အခုတော့အရာအားလုံးကိုခ၀ါချရင်းနဲ့အတူ
အိပ်မက်တွေမက်ခဲ့ဖူးတယ် ထာဝရမင်းနဲ့အတူ အကျိုးအကြောင်း
အဆိုးအကောင်းအားလုံး လာသမျှရှင်းခဲ့သူ တစ်ချို့တွေရှိတယ်
မီးမှန်းသိလည်း တိုးနေမိတယ် အဲ့ဒီထဲငါပါနေတော့ ၀ိုင်းထိုးတဲ့လက်ညှိုးတွေ
ကြည့်လည်း နင့်အဆိုးတွေသိတဲ့လူတွေငါ့ကိုအကုန်ရယ်ပါစေ
မမုန်းဘူး နင်နဲ့မခွဲတော့ဘူး ငါယုံကြည်နေတုန်းပဲ

ငါ့အနားမှာ နင်သာရှိရင် အရာရာစွန့်လွှတ်နိုင်သွားပြီ ကျန်တာငါ့အတွက်
ဘာမှထပ်မလိုတော့ဘူးကွယ် နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်စီ ငါလေ
ပြေးထွက်လို့သွားချင် လူတွေအားလုံးရဲ့အဝေးဆုံး နေရာတစ်ခုဆီ..

ငါ့အနားမှာ နင်သာရှိရင် အရာရာစွန့်လွှတ်နိုင်သွားပြီ ကျန်တာငါ့အတွက်
ဘာမှထပ်မလိုတော့ဘူးကွယ် နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်စီ ငါလေ
ပြေးထွက်လို့သွားချင် လူတွေအားလုံးရဲ့အဝေးဆုံး နေရာတစ်ခုဆီ..

Download Link
Mediafire

0 comments:

Post a Comment