မခွဲတမ်းအတူတူ ရုန်းထွက်မယ့် လက်ကိုတွဲကာထား we will never ever be apart...
ယုံကြည်မှုပညတ်တော်များကြား ငါလေရူးခဲ့မင်းအတွက်ကို....
(အသွင်မတူတဲ့စည်းမျဉ်းတွေကြား အချစ်တစ်ခုဖန်တီးတာအပြစ်လား
အခက်အခဲတွေကျော်ဖြတ်မယ်ချစ်သူ ယုံကြည်စွာလက်ကိုတွဲကာထား
ယုံကြည်သူမယုံကြည်သူတွေကြား အခက်အခဲဆိုတာရှိမှာပဲ
အခြေခံချင်းမတူညီတဲ့ ဒီလိုအသိုင်းအ၀ိုင်းတွေထဲ...)
တစ်ယောက်အရိပ်အောက်တစ်ယောက်တိုးဝင်ခဲ့ ဆိုးတူကောင်းဖက်အဖြစ်
ခမ်းနားထည်ဝါစွာ အရိပ်ထင်မင်းပုံရိပ်များ ငါ့နှလုံးသားထက်ကြမ်းပြင်
ယုံကြည်ချက်တွေမအက်ပါစေနဲ့ ဆုတောင်းနေမယ်
နှစ်ဦးတစ်ဘ၀ ထူထောင်နေချိန်... မင်းစိတ်ပူနေလားကွာ
မင်းအပေါ်ချစ်တဲ့အချစ်ကလွဲလို့ ငါဘာမှမမှီဝဲခဲ့ပါ ဘူး မင်းအနားမှာငါ
တိတ်တိတ်လေးပဲ လိုအပ်သမျှအားလုံးဖြည့်ဆည်းပေးနေမယ်
စိတ်ညစ်စရာတွေထပ်ပြီးတွေးမနေနဲ့...ခေတ်နောက်ကျတဲ့အယူအဆတွေနဲ့
ခြိမ်းခြောက်ကြလည်းမတုန်လှုပ်ပါ မင်းအပေါ်ထားတဲ့အချစ်တွေ
ယိမ်းယိုင်တိမ်းမှောက်မသွားခဲ့ငါ့မှာ မျှော်လင့်ချက်ပါသောမြှုပ်နှံမှုအတွက်
ငြင်းဆန်ရန်ခက်ခဲသောပေးဆပ်မှုမျိုး ဖြည့်ဆည်းဖို့စဉ်းစားပြီးသား
မင်းအတွက်တစ်ဘ၀စာ...
မခွဲတမ်းအတူတူ ရုန်းထွက်မယ့် လက်ကိုတွဲကာထား we will never ever be apart...
ယုံကြည်မှုပညတ်တော်များကြား ငါလေရူးခဲ့မင်းအတွက်ကို..(အသွင်မတူတဲ့စည်းမျဉ်းတွေကြား အချစ်တစ်ခုဖန်တီးတာအပြစ်လား
အခက်အခဲတွေကျော်ဖြတ်မယ်ချစ်သူ ယုံကြည်စွာလက်ကိုတွဲကာထား
ယုံကြည်သူမယုံကြည်သူတွေကြား အခက်အခဲဆိုတာရှိမှာပဲ
အခြေခံချင်းမတူညီတဲ့ ဒီလိုအသိုင်းအ၀ိုင်းတွေထဲ...)
မသေချာနိုင် အတူဆုံနိုင်မယ့်လမ်းတွေမှာ...ငါ့တစ်ယောက်တည်းမထားခဲ့ပါနဲ့
လမ်းခွဲမယ့်စကားမကြားရဲပါတကယ် ယုံကြည်ထားတို့နှစ်ယောက်
အတူစွန့်စားရင်းနဲ့ဟိုးရှေ့ကအနာဂတ်သို့ ငါဘယ်လိုရင်ဆိုင်မယ်
အင်အားတွေနဲ့ ဘာတွေကိုမင်းတွေးပြီးကြောက်နေလဲ အပူအပန်သောကတွေ
ထားခဲ့ နောင်နေ့တွေ့မှာ ငါလေမင်းရဲ့အနားပဲမှေးစက်နေချင်တယ်...
(ပတ်ဝန်းကျင်က ပုတ်ခတ်တဲ့စကားတွေ တစ်ယောက်အကြောင်းတစ်ယောက်
သိနေကြတဲ့တို့နှစ်ယောက်အတွက်တော့ ဟာသပြက်လုံးတွေလိုပါပဲ
အတားအဆီးတွေရှိပေမယ့် တစ်ချိန်ချိန်မှာဆိုတဲ့မျှော်လင့်ချက်နဲ့
ရောင့်ရဲစွာ ကျေနပ်နေနိုင်ပါတယ်ချစ်သူ...)
မခွဲတမ်းအတူတူ ရုန်းထွက်မယ့် လက်ကိုတွဲကာထား we will never ever be apart...
ယုံကြည်မှုပညတ်တော်များကြား ငါလေရူးခဲ့မင်းအတွက်ကို....မခွဲတမ်းအတူတူ ရုန်းထွက်မယ့် လက်ကိုတွဲကာထား we will never ever be apart...
ယုံကြည်မှုပညတ်တော်များကြား ငါလေရူးခဲ့မင်းအတွက်ကို....
(ချစ်တယ်အရင်အတိုင်းပဲ ဂရုမစိုက်ဘူးမထင်လိုက်နဲ့ မကြိုက်တာပြောပါ
မင်းဆန္ဒအတိုင်းငါပြင်လိုက်မယ် အချစ်အတွက်ရူးမိုက်သလားဆိုတော့
ဟုတ်တယ် မင်းအတွက်ငါရူးမိုက်တယ် ဘယ်သူ့ဂရုစိုက်မလဲ
ဟေ့မင်းကိုပဲချစ်တယ် ...)x2
မခွဲတမ်းအတူတူ ရုန်းထွက်မယ့် လက်ကိုတွဲကာထား we will never ever be apart...
ယုံကြည်မှုပညတ်တော်များကြား ငါလေရူးခဲ့မင်းအတွက်ကို....
မခွဲတမ်းအတူတူ ရုန်းထွက်မယ့် လက်ကိုတွဲကာထား we will never ever be apart...
ယုံကြည်မှုပညတ်တော်များကြား ငါလေရူးခဲ့မင်းအတွက်ကို....
Download Link
Mediafire
0 comments:
Post a Comment