Link Hovers from: DollieCrave.Com -->

Thursday, November 1, 2012

မင်းနဲ့နီးဖို့ by Idiots

မင်းကိုတန်ဖိုးထားချင်တယ် ငါ့အသက်နဲ့ရင်းပြီးကွယ်
ဖြစ်ပျက်ခဲ့တာ အားလုံးမေ့ပစ်ခဲ့ ... ဘ၀ကိုပြန်စဖို့
ငါတို့နှစ်ဦးလက်တွေတွဲထားမယ် အသက်ဝိဥာဉ်
လွင့်ပျယ်တဲ့အထိကွယ်....

ငါဒီမှာမင်းနဲ့နီးဖို့ ကြိုးစားနေတယ် ယုံကြည်ခြင်းတွေ
ဖြန့်ကျက်ရင်း ဆက်အသက်ရှင်ကြမယ် အတိတ်ဆိုးများလဲ
ပုံပြင်တွေလို သင်ပုန်းချခဲ့... ဒီမှာမင်းနဲ့နီးဖို့ကြိုးစားနေတယ်
အရင်တစ်ခါလို အမှားမှားအယွင်းယွင်းမဖြစ်တော့ဘူးကွယ်
နင်ကျေနပ်ရဲ့လား ပျော်နိုင်မှလိုက်ပါ နင့်သဘောလိုတယ်

မင်းဟာကိုယ်နဲ့ဘ၀အတူပဲ အချစ်ငတ်ခဲ့ဖူးပါတယ်
ရှုံးနိမ့်ခြင်းကိုကောင်းကောင်းကြီးနားလည်... ဘ၀ပေါ်မှာ
စွန်းထင်းနေတဲ့ အမည်းစက်တွေလည်းရှိမယ်
အားလုံးကိုနားလည်ခွင့်လွှတ်တယ် ...ခွင့်လွှတ်တယ်...

ငါဒီမှာမင်းနဲ့နီးဖို့ ကြိုးစားနေတယ် ယုံကြည်ခြင်းတွေ
ဖြန့်ကျက်ရင်း ဆက်အသက်ရှင်ကြမယ် အတိတ်ဆိုးများလဲ
ပုံပြင်တွေလို သင်ပုန်းချခဲ့... ဒီမှာမင်းနဲ့နီးဖို့ကြိုးစားနေတယ်
အရင်တစ်ခါလို အမှားမှားအယွင်းယွင်းမဖြစ်တော့ဘူးကွယ်
နင်ကျေနပ်ရဲ့လား ပျော်နိုင်မှလိုက်ပါ နင့်သဘောလိုတယ်

ငါဒီမှာမင်းနဲ့နီးဖို့ ကြိုးစားနေတယ် ယုံကြည်ခြင်းတွေ
ဖြန့်ကျက်ရင်း ဆက်အသက်ရှင်ကြမယ် အတိတ်ဆိုးများလဲ
ပုံပြင်တွေလို သင်ပုန်းချခဲ့... ဒီမှာမင်းနဲ့နီးဖို့ကြိုးစားနေတယ်
အရင်တစ်ခါလို အမှားမှားအယွင်းယွင်းမဖြစ်တော့ဘူးကွယ်
နင်ကျေနပ်ရဲ့လား ပျော်နိုင်မှလိုက်ပါ နင့်သဘောလိုတယ်...

Download Link
Mediafire

0 comments:

Post a Comment