Link Hovers from: DollieCrave.Com -->

Thursday, November 1, 2012

သေလို့ရတယ် by Idiots

မင်းစိတ်ထဲကအတိုင်းပြောတာလား သေချာရင် နောက်ထပ်တစ်ခေါက်လောက်
ကြားခွင့်ပေးပါ... မင်းနှုတ်ဖျားကထွက်တဲ့ဒီစကား ငါတန်ဖိုးမဖြတ်နိုင်တာ
ငါ့ရဲ့အပြစ်တို့ဆေးကြောနိုင်ပြီလား သေချာရင်နောက်ထပ်တစ်ခေါက်တော့
မရက်စက်နဲ့ကွာ... မင်းထားသွားခဲ့တုန်းကဒဏ်ရာများ
ပြန်ပျောက်ကင်းစလေးပါ......

ငါသေလို့ရတယ်ကွာ သတိရတယ်ကြားရုံနဲ့အရူးတစ်ယောက်လိုပါ
နင်လမ်းပြပေးမှငါ့ဘ၀ အကောင်းအဆိုးတွေမျှတ နေပျော်မှာကို
သိရက်မဟုတ်လား... ငါသေနိုင်လောက်တဲ့ဒီစကား အသက်ဝအောင်
ရှူဖို့ ငါ့မှာအားမရှိပါ အိပ်မက်မဖြစ်လိုက်နဲ့အခုချိန်မှ အပြစ်တို့
ဝန်ခံပြီးငါ ပြန်လာချင်တယ်ဆိုခွင့်ပြုမလား..

အစားထိုးဖို့အတွက်ကြိုးစားခဲ့လည်း တကယ်ဆိုရင် မင်းတစ်ဝက်
လောက်မှကောင်းကွက်မရှိတဲ့ အပေါစားစိတ်ဓာတ်များရဲ့အလယ်မှာပဲ
ငါဟာလမ်းပျောက်နေတယ် မရင့်ကျက်ခဲ့ ငါ့အမှားများပြန်တွေး
သေရာပါဝေးရတော့မလို့နီးနီးလေးဟေ့.. မင်းထားသွားခဲ့တုန်းက
ဒဏ်ရာများ ပြန်ပျောက်ကင်းစလေးပါ...

ငါသေလို့ရတယ်ကွာ သတိရတယ်ကြားရုံနဲ့အရူးတစ်ယောက်လိုပါ
နင်လမ်းပြပေးမှငါ့ဘ၀ အကောင်းအဆိုးတွေမျှတ နေပျော်မှာကို
သိရက်မဟုတ်လား... ငါသေနိုင်လောက်တဲ့ဒီစကား အသက်ဝအောင်
ရှူဖို့ ငါ့မှာအားမရှိပါ အိပ်မက်မဖြစ်လိုက်နဲ့အခုချိန်မှ အပြစ်တို့
ဝန်ခံပြီးငါ ပြန်လာချင်တယ်ဆိုခွင့်ပြုမလား..

ငါသေလို့ ရတယ်ကွာ.......ငါသေလို့ရတယ်ကွာ....

Download Link
Mediafire

0 comments:

Post a Comment