တိုက်ဆိုင်မှုတွေရှိလာတော့လည်း
မင်းကိုလွမ်းတယ် မမေ့နိုင်ပါကွယ်
ငါ့ရဲ့အသည်းကို မင်းယူဆောင်သွားတယ် ကျေနပ်ပါတယ်
အဟောင်းတွေမေ့ကာ နင့်ကိုသာပဲ ချစ်နေပါ့မယ်
ကတိတွေငါပေးလည်း သူငယ်ချင်းတွေပြောတဲ့စကားကိုယုံပြီး
အထင်အမြင်တွေသာလွဲရင်မှာ ဒဏ်ရာတွေသာနဲ့
ငါဆုတောင်းထားတဲ့တစ်နေ့ဟာ
နင်နဲ့နှစ်ယောက်ဘ၀ရှိနိုင်မယ့် အချိန်ပဲ
နင်လေပြန်လာခဲ့ဘယ်ရင်ခွင်မှာ မှီနေမလဲ
အရင်လိုမဟုတ်တော့တဲ့ဘ၀မှာ
နင်လေရှိမှပြည့်စုံမှာ ကြားနိုင်မလား...
Online မှာတွေ့မလား နင့်ကိုရှာလည်း
အဆက်အသွယ်မရတာကြာခဲ့ပါပြီကွယ်
ငါ့ကိုအရူးလိုညှင်းလေရက်သလားနင် ပြန်ခဲ့ပါကွယ်
အတိတ်ဝဋ်ကြွေးများပါလို့လာလေသလား
အချစ်မှာဒီလောက်တောင်ကံဆိုးကာနေလဲကွာ
ဘာမဟုတ်တဲ့ပြဿနာလေးတစ်ခုတည်းနဲ့
အထင်အမြင်တွေသာလွဲရင်မှာ ဒဏ်ရာတွေသာနဲ့
ငါဆုတောင်းထားတဲ့တစ်နေ့ဟာ
နင်နဲ့နှစ်ယောက်ဘ၀ရှိနိုင်မယ့် အချိန်ပဲ
နင်လေပြန်လာခဲ့ဘယ်ရင်ခွင်မှာ မှီနေမလဲ
အရင်လိုမဟုတ်တော့တဲ့ဘ၀မှာ
နင်လေရှိမှပြည့်စုံမှာ ကြားနိုင်မလား...
နင်ကသာငါ့ဘ၀အတွက်တစ်ပါ
နင်ကသာငါ့ဘ၀အတွက်နှစ်ပါ
နင်ကသာငါ့ဘ၀မှာ သုံး လေး ငါး ခြောက် ခုနစ် ရှစ်ပါ
ဒီအတွက်ကြောင့် ဘယ်တော့မှ အပြစ်မရှာအမြဲ
နောက်မဆုတ်ဘဲ ရှေ့ဆက်ချစ်မှာ
ဒီခေတ်မှာ မေတ္တာသစ္စာ အစစ်ဟာ လစ်ဟာ ပစ်ခွာ ရစ်တာ မဖြစ်ပါ
နင်ချစ်တာငါလည်းသိတယ်....ငါ့ရဲ့အချစ်ကိုလည်း နင်ပဲသိတယ်
ကြားထဲမှာအနှောင့်အယှက်တွေလုံးဝမကြည့်နဲ့
လောကမှာအချစ်စစ်ဆိုသော် ခရီးဝယ်
အခက်အခဲအတားအဆီးတွေအများကြီးရှိတယ်
တစ်ချက်တည်းတားပြီးတော့ ကာဆီးပစ်မယ်
စိတ်ဆိုးတာတောင်မနာကြည်းမိခဲ့တဲ့ တို့နှစ်ယောက်ကြားမှာ အထာကြီးရှိတယ်
ဒါပေမဲ့ အခုတော့လည်းဘေးစကားကြောင့်တို့ဝေးသွားပြီ
ငါ့ဘေးနားမရှိခဲ့လို့ ဆွေးရပြီ.. အခုသီဆိုနေခဲ့သောတေးများသည်
နှလုံးသားထဲမှလာသော သွေးများအဖြစ်မှပြောင်းလဲ ကဗျာလိုတေးသွားဖြစ်
အဲ့တေးသွားလေးကလည်း မေးထားပေးပါ
နင့်အတွက်ငါလိုသေးလားအချစ်.....ငါလိုသေးလားအချစ်
အဲ့တေးသွားလေးကလည်းမေးထားပေးပါ....ငါလိုသေးလားအချစ်
အချစ် အချစ် အချစ် အဲ့တေးသွားလေးကလည်း မေးထားပေးပါ
နင့်အတွက်ငါလိုသေးလားအချစ်..
(ချာချာလည်...ငါလုံးဝမမေ့နိုင်အခု
ရက်စက်သွားခဲ့သူ နင်လေရှိမှပြည့်စုံမှာ....)
အထင်အမြင်တွေသာလွဲရင်မှာ ဒဏ်ရာတွေသာနဲ့
ငါဆုတောင်းထားတဲ့တစ်နေ့ဟာ
နင်နဲ့နှစ်ယောက်ဘ၀ရှိနိုင်မယ့် အချိန်ပဲ
နင်လေပြန်လာခဲ့ဘယ်ရင်ခွင်မှာ မှီနေမလဲ
အရင်လိုမဟုတ်တော့တဲ့ဘ၀မှာ
နင်လေရှိမှပြည့်စုံမှာ ကြားနိုင်မလား...
Download Link
Mediafire

0 comments:
Post a Comment