Link Hovers from: DollieCrave.Com -->

Saturday, November 3, 2012

ရပါတယ်ထွက်သွားပါ by ရဲရင့်အောင်

ဆုတောင်းနေပါတယ်ပျော်နေပါစေ အချိန်တိုင်းမှာ
လိုချင်တာအကုန်သိမ်းသွားငါ့ဆီက နင့်ရဲ့အပြုံးကို မြင်ယောင်နေတယ်
ညတိုင်းမှာ ခံနိုင်ရည်မရှိလို့ ငါရူးသွား စွန့်လွှတ်ခဲ့တယ်ငါ..
နင်ပျော်နေမယ်ဆို မေ့ထားပါ ကျောခိုင်းလှည့်ထွက်သွား...
အိပ်မက်မက်ခဲ့သူတစ်ယောက်ပါ နင့်ရဲ့လှည့်ကွက်တွေကြားမှာ
အရူးလိုပဲ baby girl.. i never wanna let you go..အခုထိ
ငါ့အိမ်မက်ထဲမှာ နင်လာနေရာယူထားတာများနေပြီ
ဒါနောက်ဆုံးအကြိမ် so hard of let you go...
(နင်တကယ်ကို မလိုချင်ရင်လည်းသွားပါ နင့်ကိုလည်း
ငါပိတ်ပင်လို့မတားပါ သံယောဇဉ်များ ချန်မထားနဲ့ ငါ့အနားမှာ
အချစ်ဆိုတဲ့အရာက တကယ်တော့အလကား..
နင်တကယ်ကိုမလိုရင်ရင်လည်းသွားပါ တစ်ခုတော့ပြောမယ်
လူတွေကိုသတိထားပါ ငါ့လိုပဲလူတိုင်းကိုမထင်နဲ့ကစားစရာ
ရပါတယ်ထွက်သွားပါ.......)
အပြီးပိုင်ထွက်ခွာသွားပါ ငါ့ရဲ့ဘ၀ထဲက နင်အဆင်ပြေတယ်ဆို
ပြုံးပေးထားမှာပါ ပေးဆပ်ခြင်းနဲ့စွန့်လွှတ်ခြင်းက အချစ်ပဲလား
ငါတကယ်ကိုမသိလို့နင်ပြောပြ ရှင်းပြခဲ့ပါကွာ ငါနေချင်တာ
နင့်အနားမှာ..ဘယ်လိုမှမဖြစ်နိုင်ပါ...
အိပ်မက်မက်ခဲ့သူတစ်ယောက်ပါ နင့်ရဲ့လှည့်ကွက်တွေကြားမှာ
အရူးလိုပဲ baby girl.. i never wanna let you go..အခုထိ
ငါ့အိမ်မက်ထဲမှာ နင်လာနေရာယူထားတာများနေပြီ 
ဒါနောက်ဆုံးအကြိမ် so hard of let you go...
(နင်တကယ်ကို မလိုချင်ရင်လည်းသွားပါ နင့်ကိုလည်း
ငါပိတ်ပင်လို့မတားပါ သံယောဇဉ်များ ချန်မထားနဲ့ ငါ့အနားမှာ
အချစ်ဆိုတဲ့အရာက တကယ်တော့အလကား..
နင်တကယ်ကိုမလိုရင်ရင်လည်းသွားပါ တစ်ခုတော့ပြောမယ်
လူတွေကိုသတိထားပါ ငါ့လိုပဲလူတိုင်းကိုမထင်နဲ့ကစားစရာ
ရပါတယ်ထွက်သွားပါ.......)

Download Link
Mediafire

0 comments:

Post a Comment