Link Hovers from: DollieCrave.Com -->

Sunday, November 18, 2012

နွေအိပ်မက် by လေးနက်

ငါမလိုချင်တဲ့မျက်ရည်များဟာ အခုတော့
ထာဝရမိုးသားအဖြစ်အုံ့ဆိုင်းကာ ငါ့အနားကနေ
ထွက်ခွာသွားပြီ...မင်းပေးတဲ့ဒုက္ခတွေငါခံစား
မင်းပြောတဲ့အဖြစ်အပျက်တွေ မမြင်ပါလား
နင်ငါ့ထား ပြီးဆုံးကာသွားပေမယ့်
အချိန်တွေအားလုံးကို ငါမေ့မရလို့....

ငါတို့ဝေးကြမယ်လို့ မပြောလိုက်ပါ No..
ရက်စက်ပြီမို့ ငါ့အသည်းလေးပဲ့ကြွေခဲ့ရ
ငါတို့ နွေအိပ်မက်လန့်နိုး ဒီရင်မှာနောက်ဆုံးနဲ့
မေ့မရပါ တစ်ခါတရံမှာတမ်းတနေတာ...

ဟေး ဟေး ရင်တွေခုန်နေတယ်
မုန်းမုန်းမုန်းလို့မရပါကွယ် ယုံကြည်ပေးနိုင်မလား
ရေး...နင်ချန်ထားတဲ့ဘ၀မှာ ငါနေတတ်သူ
အဆုံးသတ်မရ ငါ့ရင်မှာဒီဘ၀ နင့်ရဲ့အနား
အရိပ်တစ်ခုလိုငါအမြဲရှိမယ် အဓိပ္ပာယ်မဲ့နေတဲ့
နင့်ရဲ့အချစ်မှာ ငါ့ဘ၀တစ်ခုကို ထပ်ကာပုံခဲ့...
အရှုံးများပဲပွေ့ယူမယ် နှလုံးသားကိုနင်းခြေလည်း
မုန်းလို့သွားလည်းချစ်နေမယ် မင်းနဲ့ကျမှ
ခံနိုင်ရည်တွေမရှိတော့ဘူး....

ငါတို့ဝေးကြမယ်လို့ မပြောလိုက်ပါ No..
ရက်စက်ပြီမို့ ငါ့အသည်းလေးပဲ့ကြွေခဲ့ရ
ငါတို့ နွေအိပ်မက်လန့်နိုး ဒီရင်မှာနောက်ဆုံးနဲ့
မေ့မရပါ တစ်ခါတရံမှာတမ်းတနေတာ...

အမှားများနဲ့ရှေ့ဆက်ငါလည်း မျှော်လင့်ချက်တစ်ခု
တောင့်တနေလည်း မပြည့်စုံနိုင်ဘူး
မင်းနဲ့ငါချစ်သူ စိတ်ကူး...နင့်နားထဲခါးနေသလား
နင်ကြားရင်ခါးနေမလားကွာ ငါမပြောချင်ဘူး...

(ငါတို့ဝေးကြမယ်လို့ မပြောလိုက်ပါ No..
ရက်စက်ပြီမို့ ငါ့အသည်းလေးပဲ့ကြွေခဲ့ရ
ငါတို့ နွေအိပ်မက်လန့်နိုး ဒီရင်မှာနောက်ဆုံးနဲ့
မေ့မရပါ တစ်ခါတရံမှာတမ်းတနေတာ...)x2

Download Link
Mediafire

0 comments:

Post a Comment