Link Hovers from: DollieCrave.Com -->

Sunday, November 18, 2012

ယုံကြည်ချင်စရာစကားပြောတဲ့သူကို... by Michael Feat. Sithu Hnin Moe

ငယ်စဉ်အခါကမသိခဲ့ဘူး အချစ်ဆိုတာရယ်
လူတွေဘာကြောင့်များအချစ်ကို သီချင်းဖွဲ့ဆိုနေကြတယ်
စေတနာဖြူစင်တဲ့ မိဘအရိပ်အောက်မှာနေရင်း...

အချစ်ကြောင့် ရူးသွပ်ကြတယ်လူတိုင်း..
အချစ်ကြောင့် ၀မ်းနည်းကြတယ်လူတိုင်း..
အချစ်ကြောင့် ရှုံးနိမ့်ကြတယ် ဒါပေမဲ့လည်း
အချစ်ကိုကိုးကွယ်ကြတယ် အခုတော့ငါလဲလေ
မင်းလေးကြောင့်ရူး....

ယုံကြည်ချင်စရာ စကားပြောတဲ့သူကို မုန်းတယ်
ပြန်လာပါမယ်ပြောပြီးတော့ နင်ထွက်သွားတယ်
ယုံကြည်နေမယ်နော်တစ်နေ့တော့ပြန်လာမယ်မလား
ယုံကြည်ချင်စရာ စကားပြောတဲ့သူကို မုန်းတယ်
ပြန်လာပါမယ်ပြောပြီးတော့ နင်ထွက်သွား..အိုး..
ယုံကြည်နေမယ်နော်တစ်နေ့တော့ပြန်လာမယ်မလား

အချစ်ကိုနားလည် စကားမှာအညှာမမိစေဖို့
ကျွန်တော့်ကိုတွေ့ရင်ပြောပြမယ် အားလုံးသိစေဖို့
၁၆ နှစ်သားအချစ် အဖြစ်အပျက်ပုံရိပ်တစ်ချို့
ပြန်မြင်ယောင်လာတယ် စိတ်ကူးထဲသူ့ပုံရိပ်ကို
သံယောဇဉ်ကြိုးချင်း တစ်ပင်ချင်းရစ်ထွန်းရင်း
အနာဂတ်တစ်ခု ရည်ရွယ်ကာအချစ်တွေဖြိုခင်း
နှစ်တွေကူး ရင်ထဲစူးနစ်ခဲ့ သူ့အချစ်..
အမှတ်တရပေါင်းများစွာနဲ့ ကျောက်ဖြစ်နှလုံးသားထုဆစ်
အိပ်မက်ကမ္ဘာလေးထဲမှာတို့နှစ်ယောက်လက်ပစ်ကူးရင်း
သက်တန့်ငယ်လေးတစ်စင်း မိုးကောင်းကင်ထက်နင်ဖန်ဆင်း
မျှော်လင့်ထားခဲ့ရသမျှ ထပ်တူမကျတော့ရင်နာတယ်
ငါ့ချစ်သူမိန်းကလေး မင်းအခုတော့ဘယ်မှာလဲ

အချစ်ကြောင့် ရူးသွပ်ကြတယ်လူတိုင်း..
အချစ်ကြောင့် ၀မ်းနည်းကြတယ်လူတိုင်း..
အချစ်ကြောင့် ရှုံးနိမ့်ကြတယ် ဒါပေမဲ့လည်း
အချစ်ကိုကိုးကွယ်ကြတယ် အခုတော့ငါလဲလေ
မင်းလေးကြောင့်ရူး....

ယုံကြည်ချင်စရာ စကားပြောတဲ့သူကို မုန်းတယ်
ပြန်လာပါမယ်ပြောပြီးတော့ နင်ထွက်သွားတယ်
ယုံကြည်နေမယ်နော်တစ်နေ့တော့ပြန်လာမယ်မလား
ယုံကြည်ချင်စရာ စကားပြောတဲ့သူကို မုန်းတယ်
ပြန်လာပါမယ်ပြောပြီးတော့ နင်ထွက်သွား..အိုး..
ယုံကြည်နေမယ်နော်တစ်နေ့တော့ပြန်လာမယ်မလား

Download Link
Mediafire

0 comments:

Post a Comment