Link Hovers from: DollieCrave.Com -->

Wednesday, November 21, 2012

အဖြူရောင်သတို့သမီး by Roll One Feat. Bobby Soxer



မင်္ဂလာခန်းမကြီးထဲ... ဒီမင်္ဂလာခန်းမကြီးထဲ ...
တို့နှစ်ဦးလက်တွေတွဲခိုင်မြဲသောအချစ်ကိုသက်သေထူမယ်
အဖြူရောင်သတို့သမီးလေး တကယ်ပါနင်လှနေလို့
မိုးထက်နတ်သက်ကြွေသူ ရင်ခုန်သံဘယ်လိုထိန်းရမှာလဲ

အဖြူရောင်နှင်းဆီပန်း ခင်းထားတဲ့ကတ္တီပါလမ်း
ကိုယ့်ဘေးကမိန်းမပျို မင်းလျှောက်တဲ့ခြေလှမ်းကုဋေတစ်သန်း
သူ့ရဲ့ပန်းရောင်နှုတ်ခမ်းကပေးတဲ့ ပန်းရောင်အနမ်း
ဘ၀လက်တွဲဖော်အဖြစ် အနားမှာ ထမ်းဆောင်ရန်
အချစ်ရဲ့အစွမ်းလောက်ဘယ်အရာမှတန်ခိုးမရှိ
အမြင့်ဆုံးထက်ပိုပြီးတော့မိုးထိ ထားချင်သူ
ငါ့ချစ်သူ ပျော်ရွှင်ဖို့ငါရည်စူး ရွှေရောင်လက်စွပ်နဲ့အတည်ပြု
Diamonds are forever ငါ့အချစ်ကမင်းအတွက်အမြဲပါ
အသည်းထဲစွဲယုံကြည်ပါ ခွဲမသွား ဆံဖြူသွားကျိုးပြီး
အိုမင်းလာတဲ့အခါ အပြန်အလှန်ထားရှိမယ် ကိုယ်ချင်းစာတဲ့တရား
ငွေရတု၊ ရွှေရတု၊ စိန်ရတု ငါတို့နှစ်ပတ်လည်နေ့များကိုမမေ့ဘူး
ယနေ့မှစ နှစ်တစ်ရာတိုင်အတူ အချစ်အိမ်လေးဆောက်မယ်အခု...

မင်္ဂလာခန်းမကြီးထဲ... ဒီမင်္ဂလာခန်းမကြီးထဲ ...
တို့နှစ်ဦးလက်တွေတွဲခိုင်မြဲသောအချစ်ကိုသက်သေထူမယ်
အဖြူရောင်သတို့သမီးလေး တကယ်ပါနင်လှနေလို့
မိုးထက်နတ်သက်ကြွေသူ ရင်ခုန်သံဘယ်လိုထိန်းရမှာလဲ

အမျှော်လင့်ထားဆုံးနေ့တစ်နေ့ တစ်သက်တာမှီခိုသွားမယ်
သူ့လက်မောင်းကိုကိုင်လို့ အတူတွဲလျှောက်လှမ်းလာတဲ့အခါ
တည်ဆောက်မယ် နှစ်ယောက်ထဲကမ္ဘာ မိန်းကလေးတိုင်းအတွက်
အပျော်ရွှင်ရဆုံး အချိန်လေးပါပဲလား... နှစ်ယောက်လုံးမျက်နှာမှာ
ကြည်နူး အပြုံးများစွာနဲ့သာ ပါးလွှာတဲ့အဖြူရောင်ပ၀ါစလေး
ဆံနွယ်ထက်မှ ငါ့ရဲ့ပါးပြင်ပေါ်မှာ ဖြာကျနေ ဒီလိုအချိန်
သူ့ရဲ့လက်နဲ့ ဖယ်ရှားပေးတဲ့အခါမှာ အရာရာသူ့မျက်နှာမှာ
ပျော်ရွှင်မှုကလွဲလို့ဘာမှမတွေး အစဉ်အလာများအတိုင်း
နှစ်ဖက်အသိုင်းအ၀ိုင်းရှေ့ အချစ်ကိုသစ္စာပြု၍
အပြန်ပြန်အလှန်လှန် ခိုင်းနှိုင်း မျှော်လင့်ထားတဲ့အတိုင်း
အတူတူကျော်ဖြတ်ကြမယ် ဘ၀မုန်တိုင်း ဘေးနားမှာ
အမြဲတမ်းရှိနေပေးမယ် I will be your valentine....

ပကာသနများလည်း ခ၀ါချထားတယ် မာနတရားမဲ့
ရှေ့ဆက်မယ့်နေ့တို့သာယာဖို့ ပဓာနထားမယ်
သစ္စာတရားပဲသက်သေတည်ထားတယ် ယနေ့မှစ၍
နှစ်တစ်ရာပျော်ရွှင်စွာ လက်တွေခိုင်ခိုင်တွဲသွားမယ်

မင်္ဂလာခန်းမကြီးထဲ... ဒီမင်္ဂလာခန်းမကြီးထဲ ...
တို့နှစ်ဦးလက်တွေတွဲခိုင်မြဲသောအချစ်ကိုသက်သေထူမယ်
အဖြူရောင်သတို့သမီးလေး တကယ်ပါနင်လှနေလို့
မိုးထက်နတ်သက်ကြွေသူ ရင်ခုန်သံဘယ်လိုထိန်းရမှာလဲ

Download Link
Mediafire


0 comments:

Post a Comment