ဟိုးရှေးရှေးတုန်းကပေါ့ ပုံပြင်တစ်ပုဒ်ပြောပြမယ်
အပြင်မှာလည်းမတွေ့ရပဲနဲ့ အရမ်းရမ်းချစ်ပါသတဲ့
လူတိုင်းအားကျရလို့ အကုန်ဆုတောင်းပေးတယ်
ဒီကောင်လေးနဲ့ ဒီကောင်မလေး အလျင်အမြန်ပေါင်းရပါစေတဲ့...
ခဏလေးတော့စောင့်ပါကွယ် ကိုတစ်နေ့တော့အရောက်လာမယ်
ငါစုထားတဲ့ပိုက်ဆံပြည့်လို့သွားရင်တင်တောင်းပါမယ်
ဆုံနိုင်ဖို့ကခဲပါတယ် မိုင်တွေခြားနားလို့ကွာတယ်
အိပ်မက်ထဲကရှိတဲ့အမှတ်တရများနဲ့အလွမ်းတွေဖလှယ်
မရှိနိုင်ဘူး... မတွေ့နိုင်ဘူး... နားလည်တဲ့ဒီကောင်မလေး
အရမ်းအပြစ်ကင်းတဲ့အရုပ်ကလေးလို ဒီကမ္ဘာမှာရှားလို့ 
လက်မလွှတ်ဘူး... အားမငယ်နဲ့မင်းဘေးမှာအမြဲရှိနေလို့ 
Psycho မဖောက်နဲ့ယုံကြည်မှုတို့နဲ့အတူရှေ့ဆက်သွားမယ်အဆုံးထိပေါ့...
Story လေး..အဆုံးသတ်လှစေရန် အာဒံဧ၀ထက်
ပိုချစ်လို့သွားမယ့် စိတ်ကူးများစွာသိမ်းထားတယ်
Story လေး...အလွမ်းတို့မရှိစေရန် ခိုင်မာသော
သံယောဇဉ်ကြိုးတွေများစွာ သွယ်တန်းလို့
ကြည်နူးရတဲ့ တို့နှစ်ယောက် Story....
အမြဲတက်ကျတယ် အကွာအဝေးတစ်ခုအတွက်
ငါတို့လက်တွဲထားမယ် ယုံကြည်ပါအချစ်တစ်ခုခိုင်မြဲဖို့
နှစ်ယောက်စလုံးကအဓိကပဲ ကလေးဆိုးလေးပါငါစသိတာပေါ့
ရင်မှာထင်တဲ့ဆေးတစ်စက် ကြုံလာမယ့်အဆိုးဆုံး
အခက်အခဲများလည်း အားလုံးဖြတ်ကျော်မယ်..
သူများတွေကြည့် အားကျပါ၏ မတတ်နိုင်ဘူး ဒါဟာကံတရားပဲ
တို့နှစ်ယောက်အမှတ်တရနှစ်ပတ်လည်... Online မဟုတ်ဖုန်းနဲ့ပဲ
အလွမ်းတွေဖလှယ် အနမ်းတွေရယ် ကြမ်းနေတဲ့ဒါဟာဘ၀ခရီးပဲ
အချစ်စစ်ဖြစ်ရင်မဝေးဘူးကွာ... တို့နှစ်ယောက်အတွက်...
Story လေး..အဆုံးသတ်လှစေရန် အာဒံဧ၀ထက်
ပိုချစ်လို့သွားမယ့် စိတ်ကူးများစွာသိမ်းထားတယ်
Story လေး...အလွမ်းတို့မရှိစေရန် ခိုင်မာသော
သံယောဇဉ်ကြိုးတွေများစွာ သွယ်တန်းလို့
ကြည်နူးရတဲ့ တို့နှစ်ယောက် Story....ဟိုးရှေးရှေးတုန်းကပေါ့ ဒီပုံပြင်ထဲကလို...
အပြင်မှာလည်းမတွေ့ရပါနဲ့ အလျင်အမြန်ပေါင်းရပါလို၏...
Download Link
Mediafire
0 comments:
Post a Comment