ငါလေမင်းရဲ့အကြောင်းများသိ မယုံနိုင်ခဲ့ပါ ဒါပေမဲ့လည်း
ငါ့ရဲ့စိတ်တို့မကုန်နိုင်တဲ့အခါ ဘာတွေပဲဖြစ်ဖြစ်
ဆက်လို့အမြဲတမ်းပဲချစ်မှာ အလိမ်အညာလှည့်ကွက်များပဲ
ယုံကြည်ကာနေရင်းငါ ရူးနေခဲ့ ပျော်ချင်ယောင်ငါဟန်ဆောင်ဆဲ
နင့်အတွေးတွေထဲ ဘယ်သူဝင်ကာနေပြီလဲ ငါမပြောရက်ပါဘူး
မင်းရဲ့အပြစ်များ အနှေးနဲ့အမြန်မင်းထားခဲ့မှာလား ..အိုး...
ငါမသိချင်တော့ပါဘူး ငါမမေးချင်တော့ပါဘူး တကယ်ပဲ
ငါဘာမှမသိခဲ့သလိုပဲ... ငါဆက်လို့ချစ်သွားမယ်
ငါမသိချင်ယောင်ဆောင်ထားတယ် နင်ရွှေ့နေတဲ့အကွက်များလည်း
အားလုံးချစ်တဲ့စိတ်နဲ့မေ့ပစ်လိုက်ပါမယ် ငါ့အတွေးတွေလွန်သွားလည်း
ငါပဲပြန်ရုပ်သိမ်းမယ် ဟိုးတုန်းကလိုပဲ ငါ့ရင်ခွင်မှာနင်အိပ်စက်ပါဦးကွယ်
ဒီမှာငါရူးမိခဲ့တဲ့ဘ၀ တကယ်ချစ်တာတစ်ယောက်တည်း
ကြည်နူးခြင်းကင်းမဲ့စွာ..မင်းရဲ့အရှုပ်တွေကိုလည်း တကယ်ငါလေမသိချင်ခဲ့
မင်းရဲ့အနားမှာပဲရှိချင် ငါ့အချစ်က မင်းရင်မှာအမြစ်တွယ် ချစ်တယ်
ဘာမဆိုစွန့်လွှတ်ပစ်မယ် အချစ်နွံထဲမှာဆက်ကာနစ်လည်းငါချစ်ချင်
ဘာတွေဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့လုပ်ရပ်တွေကရင်ထဲမှာနင့်
နင့်ကာနေတာပဲ ငါ့မှာကြေကာကွဲ အဲ့လိုဖြစ်နေလည်း
ငါလုံးဝ ဂရုမစိုက်မလိုချင် မင်းရဲ့အချစ်ကလွဲလို့ အခြားအရာများစွာ
တွေကအရေးမကြီးပါ ထားပါ ဘ၀မှာတကယ်ကို အချစ်ကို
ရူးသွပ်မိတဲ့ငါ့အဖြစ်က အကျည်းတန်လောက်အောင်ဆိုးလဲမမှုပဲ
ဆက်လို့ချစ်မယ် အားတင်းထား သ၀န်တိုမိတာတွေကငါရဲ့အပြစ်လား
ငါမကြိုက်တာတွေကိုလုပ်နေဆဲမင်းက တစ်ချက်လေးတောင်မငဲ့တဲ့
မင်းရဲ့အချစ်က အစစ်လား .... တော်ပါထားလိုက် မသိချင်ဘူး
ဝမ်းနည်းရမှာပဲ မထူးဘူးဆက်ကာရူး....
ငါမသိချင်ယောင်ဆောင်ထားတယ် နင်ရွှေ့နေတဲ့အကွက်များလည်း
အားလုံးချစ်တဲ့စိတ်နဲ့မေ့ပစ်လိုက်ပါမယ် ငါ့အတွေးတွေလွန်သွားလည်း
ငါပဲပြန်ရုပ်သိမ်းမယ် ဟိုးတုန်းကလိုပဲ ငါ့ရင်ခွင်မှာနင်အိပ်စက်ပါဦးကွယ်
နားလည်ပေးထားပါတယ် ငါ့ရဲ့အဝေးထွက်မသွားပါနဲ့
အဆိပ်တွေနဲ့ နင့်နှုတ်ခမ်းကိုပဲ ငါရူးမိုက်စွာ တပ်မက်လို့နမ်းပါမယ်..
ညဘက်များစွာရယ် ဖုန်းဆက်ပေမယ့် ဖုန်းမအားဘူးကွယ်
နောက်တစ်ယောက်နဲ့အမြဲ မင်းပြောနေတယ် ငါသိနေလည်း
ခေါင်းငုံ့ကာရယ် နောက်ဆုတ်ပါတယ် မင်းရှုပ်ထားတဲ့ပြဿနာ
များစွာလည်း ငါမသိချင်ယောင်ဆောင် မျက်နှာလွှဲ......
ငါမသိချင်ယောင်ဆောင်ထားတယ် နင်ရွှေ့နေတဲ့အကွက်များလည်း
အားလုံးချစ်တဲ့စိတ်နဲ့မေ့ပစ်လိုက်ပါမယ် ငါ့အတွေးတွေလွန်သွားလည်း
ငါပဲပြန်ရုပ်သိမ်းမယ် ဟိုးတုန်းကလိုပဲ ငါ့ရင်ခွင်မှာနင်အိပ်စက်ပါဦးကွယ်
Download Link
Mediafire
0 comments:
Post a Comment