ပြန်ပြီးတွေးတော့ အခုတိုင်တောင့်တ
တစ်ယောက်တည်းပေါ့ အမြဲတမ်းမပြောင်းလဲ
အိပ်မက်တို့ထဲ မင်းကိုငါလေမျှော်မိ
ငါ့ရဲ့အနမ်းတို့အချစ်နဲ့ထုဆစ်
ဆူးမရှိပန်းလေးအတိုင်းမင်းအတွက်အသင့်
မင်းဆွတ်ခူးချိန်စောင့်မျှော်နေပြီ...
မင်းကလွဲပြီးငါ့ဘ၀ ဘယ်သူနဲ့မှမဆုံချင်
ရင်ထဲမင်းရဲ့အချစ်သာ ရချင်တယ်
တခြားသောတစ်ယောက်နဲ့အစားထိုးပြီးလဲ
မချစ်နိုင်ပြီ... အချိန်တိုင်းမင်းအတွက်နှလုံးသား
လမ်းခင်းထားသူအချစ် မင်းပဲ ငါ့ဘ၀.. ငါ့အိန်ဂျယ်..
အချစ်များသိတတ်စ ဟိုး အရင်ကတည်းက
အရွယ်ရောက်ခဲ့တဲ့ ယနေ့ထက်ထိပေါ့
ကိုယ့်အချစ်တို့မင်းမြင်နိုင်ရင် တောင်းဆုပြု
မထားခဲ့လိုက်နဲ့ကိုယ့်ဘ၀အလွမ်းထဲ
ကိုယ့်ရဲ့အချစ် မင်းတောင်းဆိုမယ့် တစ်နေ့ကို
စောင့်ကြိုနေတုန်းပဲ.....
မင်းကလွဲပြီးငါ့ဘ၀ ဘယ်သူနဲ့မှမဆုံချင်
ရင်ထဲမင်းရဲ့အချစ်သာ ရချင်တယ်
တခြားသောတစ်ယောက်နဲ့အစားထိုးပြီးလဲ
မချစ်နိုင်ပြီ... အချိန်တိုင်းမင်းအတွက်နှလုံးသား
လမ်းခင်းထားတယ်အချစ် မင်းပဲ ငါ့ဘ၀.. ငါ့အိန်ဂျယ်..
မင်းကလွဲပြီးငါ့ဘ၀ ဘယ်သူနဲ့မှမဆုံချင်
ကိုယ့်အတွက် မင်းရဲ့အချစ်သာ ရချင်တယ်
တခြားသောတစ်ယောက်နဲ့အစားထိုးပြီးလဲ
မချစ်နိုင်ပြီ... အမြဲတမ်းမင်းအတွက်နှလုံးသား
ကိုယ်လမ်းခင်းထားတယ်အချစ် မင်းပဲငါ့ဘ၀.. ငါ့အိန်ဂျယ်..
Download Link
Mediafire
0 comments:
Post a Comment