မင်းမရှိတဲ့ကမ္ဘာပျက်တော့မယ်သိလား.. Valentine ရက်နေ့ Show ကြည့်မယ်
ကတိစကားခဏတာ Chocolate နဲ့ဆင်တူလက်စွပ်တွေ အရင်က
အပြန်အလှန်လဲမယ်ဆို သူများတွေလို အခုတော့ငါ့မှာအဖော်မဲ့လွမ်းနေလို့...
ကန်ဘောင်မှာတွေ့ရတဲ့အတွဲလေးတွေမြင်တိုင်း အသည်းကတစ်ဆစ်ဆစ်
အောင့်လိုက်တာ နင့်အကြိုက်မဟုတ်ငါ ဟိုဒီသွားဖို့အတွက် သီချင်းရေးခတွေစုထား
ဒါပေမဲ့ဘာလဲ ငါနားမလည်ခဲ့ မင်းအတွက်ငါ့ထက်သာတဲ့သူ....
ရှိလား....လိုတယ်ဆိုလှမ်းရွေးခေါ်ပါ သိလား....ဘယ်အချိန်မဆိုအသင့်ရှိသူပါ
ဒါလား....လူတွေကိုရူးတဲ့အချစ်ဆိုတာ....ငါ့မှာငိုနေရစမြဲခု Valentine's Day မှာ...
မင်းဘ၀အတွက်လိုအပ်သမျှငါ ဖြည့်ဆည်းမပေးနိုင်သူ ထားခဲ့လည်းခွင့်လွှတ်တယ်
ငါစောဒကမတက်ဘူး အမှတ်တရတို့ ပြန်တွေးမိရင် တယ်လီဖုန်းတော့ဆက်ပါနော်
နင်လေပြောနိုင်တယ် ခုငနဲကိုလည်း ငါနဲ့ဘာမှမဟုတ်ခဲ့ပါဘူးလို့...
ရှိလား....လိုတယ်ဆိုလှမ်းရွေးခေါ်ပါ သိလား....ဘယ်အချိန်မဆိုအသင့်ရှိသူပါ
ဒါလား....လူတွေကိုရူးတဲ့အချစ်ဆိုတာ....ငါ့မှာငိုနေရစမြဲခု Valentine's Day မှာ...
သူမနဲ့လမ်းတွေလျှောက် တွဲခဲ့ဖူးတဲ့လက်တွေ သူမနဲ့အနမ်းတစ်ချို့
ပေးခဲ့ဖူးတဲ့ရက်တွေ သူမကြောင့်ပါးပြင်ထက်ကကျခဲ့ဖူးတဲ့မျက်ရည်
သူမကိုသေမလောက်ချစ်ခဲ့တဲ့ ရွှေထူး ရဲ့သက်သေ အဲ့ဒါထားလိုက်
တစ်ကိုယ်ကောင်းဆန်သောငါ့မှာတော့ အနှစ်သာရမရှိ အပြစ်ရှာရသည့်
ချစ်တာမှားသည့် ကစားစရာပေါ့ မျှော်လင့်ထားအိပ်မက်တွေလည်း
တိမ်တိုက်လိုလွင့်ပြယ် အပြောင်းအလဲမြန်တဲ့ နင့်စိတ်ဓာတ်လည်း
တိမ်တိုက်လိုလွင့်စမြဲ အချစ်ထက်အမုန်းကပိုပြီးသကြားထက်ပိုချိုတဲ့နင်
ငါဘာပဲပေးဆပ်ပေးဆပ် အလေးမထား Shit အပိုပဲထင် UGကဘ၀မှာရှိ
သူ့အတွက်တော့ခါးသီး လေးနှစ်ရှိပြီ ပြန်လာချင်လည်း ဖွင့်ထားတယ်တံခါးမရှိ
၂ လပိုင်း ၁၄ ရက်နေ့ပြီးမှဖြတ်ပါလို့ အကြိမ်ကြိမ်တောင်းပန် အကြိမ်ကြိမ်သည်းခံ
ခဲ့တာတောင် ပြဿနာကိုရှာပြီးနောက်တစ်ယောက်တွဲ ကျန်ခဲ့သူကိုတာ့တာလုပ်
တစ်ယောက်တည်းကျေနပ်လိုက်ပါတယ် ငါအခန်းထဲမှာပဲတစ်သက်စာအရှုံး...
ရှိလား....လိုတယ်ဆိုလှမ်းရွေးခေါ်ပါ သိလား....ဘယ်အချိန်မဆိုအသင့်ရှိသူပါ
ဒါလား....လူတွေကိုရူးတဲ့အချစ်ဆိုတာ....ငါ့မှာငိုနေရစမြဲခု Valentine's Day မှာ...
Download Link
Mediafire
Monday, February 25, 2013
Tuesday, February 19, 2013
Strawberry Wine by မဲလေး Feat. ကျော်ထွဋ်ဆွေ & ဂျောက်ဂျက်
Posted by Unknown at 2:38 AM Labels: G3, Jouk Jack, Kyaw Htut Swe, Lyrics, Mae' Lay 0 comments
ခံနိုင်ရည်စွမ်းတွေအားလုံး မရှိတဲ့အဖြစ်ဆိုး
ဝိုင်တစ်ခွက်လိုငါ့ကိုမူးယစ်စေလို့ ယစ်မူးသွားစေလို့ အိုး
စတော်ဘယ်ရီသီးလေးလို နှုတ်ခမ်းဖူးဖူးလေးကို ငေးလို့
စိတ်ကူးယဉ်ကမ္ဘာထဲမင်းကို မင်းကို စိတ်ကူးယဉ်ကမ္ဘာထဲမင်းကို
အိုး မင်းကို… Oh My God!!
မိန်းကလေးတွေလှတာတွေ့ရင်စိတ်ဝင်စားတယ် ငေးမယ်ကြည့်မယ်
စိတ်ချကိုယ်မရိုင်းပါဘူး ထွက်ပြေးလို့မသွားနဲ့ဦး
ပန်းနုရောင်ပါးပြင်လေးကို ကိုက်လို့စားချင်လိုက်တာများ အိုး…
စတော်ဘယ်ရီသီးလို နှုတ်ခမ်းဖျားလေးနီရဲ ကိုယ်သင်းရနံ့ကရင်ထဲ
အို မင်းရဲ့အရသာက ချိုချဉ်ဘယ်လိုလဲ တစ်ယောက်တစ်မျိုးလှပါတယ်
ခံစားကြည့်လိုက်ချင်ရဲ့ မင်းသာစတော်ဘယ်ရီဝိုင်ဆိုရင် ငါရေငတ်သလိုမော့မယ်
(လှုပ်တုတ်) x8
လှုပ်တုတ်လှုပ်တုတ်နဲ့လမ်းတွေလျှောက် အလှဆုံးပန်းတွေတောင်နွမ်းကြွေလောက်
ကိုကိုကို ကျော်ကြီးတို့ကမင်းတို့အကြိုက်ပဲ ပန်းတွေကောက်
သူများအနောက်ပါသွားရင် ဘယ်လိုလုပ်မလဲ စတော်ဘယ်ရီလက်ဖျော်ရုပ်နဲ့
ကောင်မလေးမျက်နှာက ရှုံ့မဲ့ တုတ်တုတ်မှမလှုပ်ပေမယ့်
လှုပ်လှုပ်ကျတုတ်တယ် မင်းကဘာလဲ သရဲသကြားလုံးလား ပါးစပ်ထဲရောက်တာနဲ့
နီရဲတွတ်တွ မင်းနဲ့ကျမှပဲ ဒီဘဲကျွတ်တာ အရာရာချောမွေ့အောင်ဆီပဲဆွတ်မှ
ရုပ်ရှင်ထဲကလို လိပ်ပြာလေးနားမယ် သမင်လေးကိုကျားကိုက်စားတယ်
ပန်းအိုးကကျကွဲသွားတယ် ကဲကဲ ငါတို့ရုပ်ရှင်စမယ်…

ဝိုင်တစ်ခွက်လိုငါ့ကိုမူးယစ်စေလို့ ယစ်မူးသွားစေလို့
စတော်ဘယ်ရီသီးလေးလို နှုတ်ခမ်းဖူးဖူးလေးကို ငေးလို့ ငေးလို့
စတော်ဘယ်ရီသီးလေးလို နှုတ်ခမ်းဖူးဖူးလေးကို အားလုံးရဲ့အလှအပတွေကို
ဝိုင်အရက်လိုချက်ပြီးသောက်ပစ်ချင်လို့ ၀ိုး ၀ိုင်တစ်ခွက်လိုခံစားပစ်လိုက်ချင်လို့
စိတ်ကူးယဉ်ကမ္ဘာထဲမင်းကို …
(လှုပ်တုတ်)x10
ရေငတ် ရေငတ်သလိုဟောဟဲ ဖတ်ဖတ်ကိုမောတယ် စမန်တက်လို့ပျော်နေတဲ့
rap အဆိုတော် rap ဆိုခေါ်တဲ့သူ့ရင်ဘတ်တို့အပေါ်အစီးကြမ်းလို့
မျက်စိပါကန်းတော့မလို အလှနတ်ဘုရားရဲ့တမန်တော်အစစ်
ကျန်တဲ့မိန်းမတွေ back off ဖြစ် ယောက်ျားတကာရဲ့ မျက်စိအောက်က
အပြစ်မှားခံရတဲ့ တမာန်တော်အဖြစ် ..
(အိုဘော်ကြည်ဘဲလေးဘဲကြည်ဆော် မင်းဘ၀နောင်ရေးမှည့်ပြီနော်
ဝိုင်တစ်ခွက်လိုကောက်ငှဲ့ပြီးမော့ ငါ့အသည်း တစ်စစီကို ဖဲ့ပြီးဆော့) x2

အချစ်ကြောင့်ရူး by မဲလေး
Posted by Unknown at 2:28 AM Labels: G3, Lyrics, Mae' Lay 0 commentsငါမင်းအလိုကျအတိုင်းပါ ငါ့နှုတ်ခမ်းတွေရယ် ဆွံ့အ
ငါမင်းလိုအပ်တိုင်းမှာ ငါ့ခြေလှမ်းတွေဟာမင်းအနား
နာရီစက္ကန့်များ မင်းအတွက်ပါပဲ ငါအချိန်များကိုပိုင်စိုးထား
ငါမင်းစိတ်နဲ့အသားကျနေတယ် ရှောင်ပြေးလို့တောင်မလွတ်မြောက်တော့
ငါရူး ငါရူး ဒီလိုစိတ္တဇဆန်တဲ့အချစ်ကြောင့်ပဲ
ငါရူး ငါရူး ငါ့ရဲ့စိတ်နဲ့ငါ့ကိုယ်မဟုတ်သေးဘူး
ငါရူး အချစ်ဆိပ်တက်လို့ အားလုံးထက်ငါရူး….
အတူရှိတဲ့ အချိန်တိုင်းမှာ မဆန့်ကျင်ခဲ့ပါနင့်သဘောကျ
ခံစားချက် မျိုသိပ်လို့ ငါမင်းအနားရှိပေးမှာ
လူတွေအားလုံးလည်း ငါဂရုမစိုက်တော့ပါ အချစ်ကငါ့စွမ်းအား
နင်ပျော်ဖို့အတွက်ငါ့မှာ နောက်မဆုတ်ခဲ့ပါဘူး တဖြည်းဖြည်းနဲ့
ငါရူး ငါရူး ဒီလိုစိတ္တဇဆန်တဲ့အချစ်ကြောင့်ပဲ
ငါရူး ငါရူး ငါ့ရဲ့စိတ်နဲ့ငါ့ကိုယ်မဟုတ်သေးဘူး
ငါရူး အချစ်ဆိပ်တက်လို့ အားလုံးထက်ငါရူး….
ငါရူးတယ်လို့ပြောချင်ပြောပါ ဒါတွေကိုဂရုမစိုက်ပါဘူး
အချစ်ကြောင့်ပဲ လူတိုင်းဟာ ရူးသွပ်မှာ တဖြည်းဖြည်းနဲ့
ငါရူး ငါရူး ဒီလိုစိတ္တဇဆန်တဲ့အချစ်ကြောင့်ပဲ
ငါရူး ငါရူး ငါ့ရဲ့စိတ်နဲ့ငါ့ကိုယ်မဟုတ်သေးဘူး
ငါရူး အချစ်ဆိပ်တက်လို့ အားလုံးထက်ငါရူး….
ငါရူး ငါရူး ဒီလိုစိတ္တဇဆန်တဲ့အချစ်ကြောင့်ပဲ
ငါရူး ငါရူး ငါ့ရဲ့စိတ်နဲ့ငါ့ကိုယ်မဟုတ်သေးဘူး
ငါရူး အချစ်ဆိပ်တက်လို့ အားလုံးထက်ငါရူး….
Download Link
Mediafire
Thursday, February 14, 2013
စိတ်မဆိုးပါနဲ့ by ရဲလေး Feat. ဇေရဲ
Posted by Unknown at 6:47 PM Labels: Lyrics, Ye' Lay, Zay Ye' 0 comments
ဘာကြောင့်မျက်နှာမချိုသာပဲ မင်းလွှဲပစ်ရတာလဲ
ဘာအကြောင်းကြောင့် စိတ်တွေကောက်
ဒါတော့အချစ်ရေလွန်တာပဲ မင်းကလေးဆိုးဆိုးတာပဲ
နင်ဘလိုင်းကြီး ငါ့ကိုဟောက်...
ဘေးစကားများလွင့်ပျံနေတာ မယုံနဲ့အချစ်
ကိုယ်တိုင်ငါရှင်းပြမယ် ယုံကြည်ဦးဟေ့
စဉ်းစားတွေးတောနေတာ အချိန်ကုန်သွားပြီ
ငါ့အတွက်ကြည့်ပါဦး....
ဒီတော့ငါရူး..ဖြစ်ပျက်ခဲ့အလွဲများ အားလုံးကြားမှာရူး
ကိုယ့်ဘက်လည်းအမြဲတမ်းမင်းမကြည့်ပါ
စိတ်မဆိုးပါနဲ့အချစ်ရယ် နင်ပျော်နိုင်ဖို့ အမြဲတမ်းရှိမယ့်သူ
Hey.. I love you!.. ဒါမင်းအတွက်သီချင်း..
တစ်ဦးတည်းသောငါ့ဘ၀ရဲ့ကောင်းကင်လမင်း
အနားနားအမြဲရှိခဲ့ပေးဖို့ တောင်းပန်မယ်ရူး
Baby..Baby..Baby..Baby.. ရင်ခွင်ထဲတိုးကာ ခိုဝင်ကြည့်ပေးပါကွယ်..
baby နင်ကမသိလို့လား ငါပဲရူးလို့လား
ဖြေရှင်းရဖို့တော့ခက်သား မင်းသဘောအတိုင်းကစားနိုင်ပါတယ်
အားလုံးပဲမင်းနိုင်ပါတယ် အရှုံးပေးတယ်
ကျန်တာတွေဆိုမပြောတော့....
ဘေးစကားများလွင့်ပျံနေတာ မယုံနဲ့အချစ်
ကိုယ်တိုင်ငါရှင်းပြမယ် ယုံကြည်ဦးဟေ့
စဉ်းစားတွေးတောနေတာ အချိန်ကုန်သွားပြီ
ငါ့အတွက်ကြည့်ပေးဦး....

နင်ယုံကြည်ပါဦး... ပျော်ရွှင်စေဖို့... စိတ်အလိုမကျတဲ့အမှားများရှိရင်
ပြုပြင်ရင်းနဲ့ကလေးရယ် ချစ်သွားတော့... စိတ်မကောက်လိုက်နဲ့ အိုး
baby..baby..
ဘေးဘေးဘေးဘေးနားမှာ ကောင်မလေးတစ်ယောက်
နှုတ်ခမ်းလေးစူနေလေရဲ့ အချစ်အသစ်နဲ့ဆိုပြီး
သူ့အထင်တွေပဲပူပင်နေ အားပါးအားပါး သူ့အနားပဲ
သွားမြဲသွားသွားနေချင်တယ် ရှားရှားပါးပါး
အချော့တော်လေးအဖြစ်ကိုသနားပါလားကွာ
ပြီးတော့စိတ်ဆိုးလေးပြေပါတော့လို့ ချော့ပြီးပြန်ချစ်ပစ်လိုက်မယ်
ကဲ..အားရပါးရ ဟိုအရင်လိုနေချင်တာမို့
သေချာပြန်အဖြေရှာပါဦး တစ်နေကုန်မင်းအကြင်နာပျက်သုဉ်း
စိတ်ဆိုးနေဦးမှာလား my baby girl.. မေးပြီ ..ကဲ..

(နောက်ဆုံးခံစားချက်ပါ) နင်ပျော်နိုင်ဖို့ အမြဲတမ်းရှိမယ့်သူ

Lady by ရဲလေး Feat. လွှမ်းပိုင်
Posted by Unknown at 1:19 AM Labels: Hlwan Paing, Lyrics, Ye' Lay 0 comments
နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းသလား
ကိုယ့်ရဲ့အတွေးမှာထင်ခဲ့မိ နေပြီ..
အေးချမ်းတဲ့သူ့အပြုံး ရိုးရှင်းတဲ့သူ့မျက်ဝန်း
ငါဘက်ကမင်းနဲ့ဆိုင်တဲ့မေးခွန်းတွေရှိ
သူဟာတစ်ယောက်ထဲလား ဆိုင်သူရှိဦးမလား
သူလေးနားမှာရှိချင်တာ ခံစားရတာပြောမယ်
အားလုံး..အားလုံးမေ့သွားခဲ့ ဒါရူးသွပ်သွားတဲ့အချိန်များပဲ
ရောင်စုံနေ့ခင်းလေးမှာမြင်ခဲ့သူ ဆောက်တည်ရာ
ကိုယ့်အနာဂတ်ထဲ လှမ်းလို့လာဝင်ကြည့်ပါ
တွေဝေနေခြင်းမဲ့ သေချာတဲ့သူ ..
လုံးဝကိုမငြင်းဆိုပါနဲ့ တွေးကြောက်နေတာပဲ...
Beautiful Lady.. Lady.. ငါနောက်ဆုံးပဲဖြစ်ချင်တယ်အချစ်ရေ
Beautiful Lady.. Lady.. အနွေးထွေးဆုံးအနမ်းတွေနဲ့ ပွေ့ဖက်ခွင့်ပြု
ဆုံချင်ပါတယ် Lady..Lady..Lady.. အခေါ်အဝေါ်အသုံးအနှုန်းပြောင်းချင်တယ်
မိန်းကလေး.. အတူနေချင်တယ် Lady..Lady..Lady..
ကိုယ့်အနားမင်းရှိမယ့်နေရာလေးအသင့်ပါပဲ...
မင်းနားလည်ပေးပါ ကိုယ့်ကိုအမြဲတမ်းအရွဲ့တော့မတိုက်ပါနဲ့
တခြားတစ်ယောက်လည်းမကြိုက်ပါနဲ့ မင်းနားလည်ဖို့ရာ
ဘယ်လိုနားလည်ရမှန်းမသိ ကိုယ့်တစ်ယောက်တည်း
အဝေးကြီးပဲကွာ အစောကတည်းကငါချစ်ခဲ့မိတာမင်းမသိလို့လား
ငါ့ရဲ့သတင်းတွေကြားမိခဲ့ရင် အရင်အချိန်တွေ ဆိုးခဲ့မိုက်ခဲ့ Ah Ah Ah Ah...

ညည်းတွားလို့မပြီးနိုင်ပါ အတူနေချင်တာအဓိက
နောက်ဆုတ်လို့မဖြစ်နိုင်တာ စိတ်ဝင်စားမိတာငါ
နင့်အကြောင်းပဲတွေးနေမှာ ဒီလိုစိတ်ဆင်းရဲခြင်းတွေသာ
တစ်နေ့ပြီးတစ်နေ့ဖြစ်လာ...
Yo Yo... Oh Yeah...
ခဏလေးတွေ့ပြီးတော့ ခဏလေးအတွင်းမှာငါကြိုက်ပါတယ်
ဒါပေမဲ့ tonight မှာပဲ တစ်ဘ၀လုံးကိုငါပုံလိုက်ပါတယ်
ယုံလိုက်ပါကွယ် သို့ပေမယ့် မင်းကဘယ်ယုံလိုက်မှာလဲ
ဆုံလိုက်တာနဲ့ မင်းရှေ့မှာ ဒူးထောက်ရလောက်အောင်ကို
မင်းကမိုက်ပါတယ် ဆံနွယ်လေးကအ၀ါခြယ် မြင်သူတွေ
အကုန်ငေးရပါတယ် ဘယ်သူဘယ်နယ်လေးကလာတယ်
ဒါရယ် နောက်တစ်ခုကနာမည်ဖြစ်ပါစေ မင်းရဲ့ relationshipက
ငါ့လို single ခင်တယ်မင်တယ်ဆို အကြောင်းပြန်ပေးပါ
ငါ့ကိုတစ်ချိန်ချိန်ဝယ်...

Mediafire (Unplugged Ver.)

Subscribe to:
Posts (Atom)