Link Hovers from: DollieCrave.Com -->

Monday, February 25, 2013

Silent Valentine by Shwe Htoo

မင်းမရှိတဲ့ကမ္ဘာပျက်တော့မယ်သိလား.. Valentine ရက်နေ့ Show ကြည့်မယ်
ကတိစကားခဏတာ Chocolate နဲ့ဆင်တူလက်စွပ်တွေ အရင်က
အပြန်အလှန်လဲမယ်ဆို သူများတွေလို အခုတော့ငါ့မှာအဖော်မဲ့လွမ်းနေလို့...

ကန်ဘောင်မှာတွေ့ရတဲ့အတွဲလေးတွေမြင်တိုင်း အသည်းကတစ်ဆစ်ဆစ်
အောင့်လိုက်တာ နင့်အကြိုက်မဟုတ်ငါ ဟိုဒီသွားဖို့အတွက် သီချင်းရေးခတွေစုထား
ဒါပေမဲ့ဘာလဲ ငါနားမလည်ခဲ့ မင်းအတွက်ငါ့ထက်သာတဲ့သူ....

ရှိလား....လိုတယ်ဆိုလှမ်းရွေးခေါ်ပါ သိလား....ဘယ်အချိန်မဆိုအသင့်ရှိသူပါ
ဒါလား....လူတွေကိုရူးတဲ့အချစ်ဆိုတာ....ငါ့မှာငိုနေရစမြဲခု Valentine's Day မှာ...

မင်းဘ၀အတွက်လိုအပ်သမျှငါ ဖြည့်ဆည်းမပေးနိုင်သူ ထားခဲ့လည်းခွင့်လွှတ်တယ်
ငါစောဒကမတက်ဘူး အမှတ်တရတို့ ပြန်တွေးမိရင် တယ်လီဖုန်းတော့ဆက်ပါနော်
နင်လေပြောနိုင်တယ် ခုငနဲကိုလည်း ငါနဲ့ဘာမှမဟုတ်ခဲ့ပါဘူးလို့...

ရှိလား....လိုတယ်ဆိုလှမ်းရွေးခေါ်ပါ သိလား....ဘယ်အချိန်မဆိုအသင့်ရှိသူပါ
ဒါလား....လူတွေကိုရူးတဲ့အချစ်ဆိုတာ....ငါ့မှာငိုနေရစမြဲခု Valentine's Day မှာ...

သူမနဲ့လမ်းတွေလျှောက် တွဲခဲ့ဖူးတဲ့လက်တွေ သူမနဲ့အနမ်းတစ်ချို့
ပေးခဲ့ဖူးတဲ့ရက်တွေ သူမကြောင့်ပါးပြင်ထက်ကကျခဲ့ဖူးတဲ့မျက်ရည်
သူမကိုသေမလောက်ချစ်ခဲ့တဲ့ ရွှေထူး ရဲ့သက်သေ အဲ့ဒါထားလိုက်
တစ်ကိုယ်ကောင်းဆန်သောငါ့မှာတော့ အနှစ်သာရမရှိ အပြစ်ရှာရသည့်
ချစ်တာမှားသည့် ကစားစရာပေါ့ မျှော်လင့်ထားအိပ်မက်တွေလည်း
တိမ်တိုက်လိုလွင့်ပြယ် အပြောင်းအလဲမြန်တဲ့ နင့်စိတ်ဓာတ်လည်း
တိမ်တိုက်လိုလွင့်စမြဲ အချစ်ထက်အမုန်းကပိုပြီးသကြားထက်ပိုချိုတဲ့နင်
ငါဘာပဲပေးဆပ်ပေးဆပ် အလေးမထား Shit အပိုပဲထင် UGကဘ၀မှာရှိ
သူ့အတွက်တော့ခါးသီး လေးနှစ်ရှိပြီ ပြန်လာချင်လည်း ဖွင့်ထားတယ်တံခါးမရှိ
၂ လပိုင်း ၁၄ ရက်နေ့ပြီးမှဖြတ်ပါလို့ အကြိမ်ကြိမ်တောင်းပန် အကြိမ်ကြိမ်သည်းခံ
ခဲ့တာတောင် ပြဿနာကိုရှာပြီးနောက်တစ်ယောက်တွဲ ကျန်ခဲ့သူကိုတာ့တာလုပ်
တစ်ယောက်တည်းကျေနပ်လိုက်ပါတယ် ငါအခန်းထဲမှာပဲတစ်သက်စာအရှုံး...

ရှိလား....လိုတယ်ဆိုလှမ်းရွေးခေါ်ပါ သိလား....ဘယ်အချိန်မဆိုအသင့်ရှိသူပါ
ဒါလား....လူတွေကိုရူးတဲ့အချစ်ဆိုတာ....ငါ့မှာငိုနေရစမြဲခု Valentine's Day မှာ...

Download Link
Mediafire

0 comments:

Post a Comment