Link Hovers from: DollieCrave.Com -->

Tuesday, February 19, 2013

Strawberry Wine by မဲလေး Feat. ကျော်ထွဋ်ဆွေ & ဂျောက်ဂျက်

ခံနိုင်ရည်စွမ်းတွေအားလုံး မရှိတဲ့အဖြစ်ဆိုး
ဝိုင်တစ်ခွက်လိုငါ့ကိုမူးယစ်စေလို့ ယစ်မူးသွားစေလို့ အိုး
စတော်ဘယ်ရီသီးလေးလို နှုတ်ခမ်းဖူးဖူးလေးကို ငေးလို့
စိတ်ကူးယဉ်ကမ္ဘာထဲမင်းကို မင်းကို စိတ်ကူးယဉ်ကမ္ဘာထဲမင်းကို
အိုး မင်းကို… Oh My God!!

မိန်းကလေးတွေလှတာတွေ့ရင်စိတ်ဝင်စားတယ် ငေးမယ်ကြည့်မယ်
စိတ်ချကိုယ်မရိုင်းပါဘူး ထွက်ပြေးလို့မသွားနဲ့ဦး
ပန်းနုရောင်ပါးပြင်လေးကို ကိုက်လို့စားချင်လိုက်တာများ အိုး

စတော်ဘယ်ရီသီးလို နှုတ်ခမ်းဖျားလေးနီရဲ ကိုယ်သင်းရနံ့ကရင်ထဲ
အို မင်းရဲ့အရသာက ချိုချဉ်ဘယ်လိုလဲ တစ်ယောက်တစ်မျိုးလှပါတယ်
ခံစားကြည့်လိုက်ချင်ရဲ့ မင်းသာစတော်ဘယ်ရီဝိုင်ဆိုရင် ငါရေငတ်သလိုမော့မယ်

(
လှုပ်တုတ်) x8
လှုပ်တုတ်လှုပ်တုတ်နဲ့လမ်းတွေလျှောက် အလှဆုံးပန်းတွေတောင်နွမ်းကြွေလောက်
ကိုကိုကို ကျော်ကြီးတို့ကမင်းတို့အကြိုက်ပဲ ပန်းတွေကောက်
သူများအနောက်ပါသွားရင် ဘယ်လိုလုပ်မလဲ စတော်ဘယ်ရီလက်ဖျော်ရုပ်နဲ့
ကောင်မလေးမျက်နှာက ရှုံ့မဲ့ တုတ်တုတ်မှမလှုပ်ပေမယ့်
လှုပ်လှုပ်ကျတုတ်တယ် မင်းကဘာလဲ သရဲသကြားလုံးလား ပါးစပ်ထဲရောက်တာနဲ့
နီရဲတွတ်တွ မင်းနဲ့ကျမှပဲ ဒီဘဲကျွတ်တာ အရာရာချောမွေ့အောင်ဆီပဲဆွတ်မှ
ရုပ်ရှင်ထဲကလို လိပ်ပြာလေးနားမယ် သမင်လေးကိုကျားကိုက်စားတယ်
ပန်းအိုးကကျကွဲသွားတယ် ကဲကဲ ငါတို့ရုပ်ရှင်စမယ်

ခံနိုင်ရည်စွမ်းတွေအားလုံး မရှိတဲ့အဖြစ်ဆိုး
ဝိုင်တစ်ခွက်လိုငါ့ကိုမူးယစ်စေလို့ ယစ်မူးသွားစေလို့
စတော်ဘယ်ရီသီးလေးလို နှုတ်ခမ်းဖူးဖူးလေးကို ငေးလို့ ငေးလို့
စတော်ဘယ်ရီသီးလေးလို နှုတ်ခမ်းဖူးဖူးလေးကို အားလုံးရဲ့အလှအပတွေကို
ဝိုင်အရက်လိုချက်ပြီးသောက်ပစ်ချင်လို့ ၀ိုး ၀ိုင်တစ်ခွက်လိုခံစားပစ်လိုက်ချင်လို့
စိတ်ကူးယဉ်ကမ္ဘာထဲမင်းကို

(
လှုပ်တုတ်)x10
ရေငတ် ရေငတ်သလိုဟောဟဲ ဖတ်ဖတ်ကိုမောတယ် စမန်တက်လို့ပျော်နေတဲ့
rap
အဆိုတော်  rap ဆိုခေါ်တဲ့သူ့ရင်ဘတ်တို့အပေါ်အစီးကြမ်းလို့
မျက်စိပါကန်းတော့မလို အလှနတ်ဘုရားရဲ့တမန်တော်အစစ်
ကျန်တဲ့မိန်းမတွေ back off ဖြစ် ယောက်ျားတကာရဲ့ မျက်စိအောက်က
အပြစ်မှားခံရတဲ့ တမာန်တော်အဖြစ် ..
(
အိုဘော်ကြည်ဘဲလေးဘဲကြည်ဆော် မင်းဘ၀နောင်ရေးမှည့်ပြီနော်
ဝိုင်တစ်ခွက်လိုကောက်ငှဲ့ပြီးမော့ ငါ့အသည်း တစ်စစီကို ဖဲ့ပြီးဆော့) x2

စတော်ဘယ်ရီသီးလို နှုတ်ခမ်းဖျားလေးနီရဲ ကိုယ်သင်းရနံ့ကရင်ထဲ
အို မင်းရဲ့အရသာက ချိုချဉ်ဘယ်လိုလဲ တစ်ယောက်တစ်မျိုးလှပါတယ်
ခံစားကြည့်လိုက်ချင်ရဲ့ မင်းသာစတော်ဘယ်ရီဝိုင်ဆိုရင် ငါရေငတ်သလိုမော့မယ်

Download Link
Mediafire

0 comments:

Post a Comment