Link Hovers from: DollieCrave.Com -->

Tuesday, March 5, 2013

ဘယ်သူတွေမေးမေး by ခင်စုစုနိုင်

ပြောပြတော့မယ် နှလုံးသားထဲက
စကားလေးတစ်ခွန်းကို နင်တစ်ယောက်တည်းအတွက်
တုန်ရီနေတဲ့စိတ်တွေ ငြိမ်အောင်ပြန်တင်းရင်းလေ
တိုးတိုးလေး နင်နားစိုက်လို့ထား...

မိုးသားကောင်းကင် မြေကြီးရဲ့ကြားက
ရှိရှိသမျှအရာ တိုင်တည်ပြီးပြောမယ်
အလေးနက်ဆုံးဒီစကား အရိုးရှင်းဆုံးပါပဲ
မင်းတစ်ယောက်တည်း ငါချစ်မိပြီ...

ဘယ်သူတွေမေးမေး မင်းကငါ့ရဲ့ချစ်သူ
ဘယ်အချိန်မေးမေး တခြားသောအဖြေမရှိဘူး
ဘယ်လောက်ဝေးဝေး အချစ်တို့ပျက်ပြယ်မသွားနိုင်ဘူး
ကမ္ဘာဆုံးအထိ ယုံထားလိုက် မင်းတစ်ယောက်တည်းပါပဲ...
ဘယ်သူတွေမေးမေး မင်းကငါ့ရဲ့ချစ်သူ
ဘယ်အချိန်မေးမေး တခြားသောအဖြေမရှိဘူး
ဘယ်လောက်ဝေးဝေး အချစ်တို့ပျက်ပြယ်မသွားနိုင်ဘူး
ကမ္ဘာဆုံးအထိ ယုံထားလိုက် မင်းကတစ်ဦးတည်းသောငါ့ချစ်သူ...

ဘ၀တစ်သက်လုံးစာ မက်တဲ့အိပ်မက်
မင်းနဲ့ကျမှ အရောင်တွေစုံသွားခဲ့ပြီ
ဆုံးဖြတ်ချက်တွေလည်း ရဲရင့်လို့နေပြီး
အချစ်အတွက်နဲ့ ဘ၀တစ်ခုကို ပုံအပ်ပြီး...

မိုးသားကောင်းကင် မြေကြီးရဲ့ကြားက
ရှိရှိသမျှအရာ တိုင်တည်ပြီးပြောမယ်
အလေးနက်ဆုံးဒီစကား အရိုးရှင်းဆုံးပါပဲ
မင်းတစ်ယောက်တည်း ငါချစ်မိပြီ...

ဘယ်သူတွေမေးမေး မင်းကငါ့ရဲ့ချစ်သူ
ဘယ်အချိန်မေးမေး တခြားသောအဖြေမရှိဘူး
ဘယ်လောက်ဝေးဝေး အချစ်တို့ပျက်ပြယ်မသွားနိုင်ဘူး
ကမ္ဘာဆုံးအထိ ယုံထားလိုက် မင်းတစ်ယောက်တည်းပါပဲ...
ဘယ်သူတွေမေးမေး မင်းကငါ့ရဲ့ချစ်သူ
ဘယ်အချိန်မေးမေး တခြားသောအဖြေမရှိဘူး
ဘယ်လောက်ဝေးဝေး အချစ်တို့ပျက်ပြယ်မသွားနိုင်ဘူး
ကမ္ဘာဆုံးအထိ ယုံထားလိုက် မင်းကတစ်ဦးတည်းသောငါ့ချစ်သူ...

Download Link
Mediafire

0 comments:

Post a Comment