Link Hovers from: DollieCrave.Com -->

Tuesday, March 5, 2013

ချစ်မြဲအတိုင်းချစ်မယ် by ခင်စုစုနိုင်

လာလိုက်ခဲ့ပါ အနာဂတ်လမ်းဆီ ခေါ်ဆောင်သွားမယ်ကိုယ်မထားရက်ခဲ့ပြီ
မင်းပုခုံးလေးမှီကာလေ အသက်ရှင်နေချင်တယ် မင်းအတွက်နဲ့ကိုယ်သတ္တိရှိ

I Love You အမြဲတမ်းတို့ချစ်မယ်နော် နှလုံးသားလေးနဲ့အသည်းကိုယူ
ဘာကြုံလာလာပေါ့ချစ်နိုင်သူ အလွမ်းများထားခဲ့လိုက်ပါ ရှေ့ဆက်ချစ်မယ်
အို မဝေးတော့တဲ့နေ့သစ်တွေကိုမျှော် ဒီရင်ထဲအထိ မြင်အောင်ကြည့်...

အားငယ်နေလား အရှုံးပေးပြီးထွက်မပြေးနဲ့ အမြဲ ကြည်ဖြူစွာမင်းကိုချစ်နေမှာ
အနာဂတ်အတွက်အသင့်ရှိနေသူ ရင်ထဲမှာအချစ်စိတ်နဲ့အေးမြစေချင်တယ်
ကိုယ်နေပေးမယ်အချစ်လေးအနား အားငယ်နေလား အရှုံးပေးပြီးထွက်မပြေးနဲ့
အရာရာကိုခွင့်လွှတ်ပေးမယ့်နားလည်သူလေးမို့ မင်းအခုထိရင်ထဲမှာ
အရင်လိုရှိတုန်းပဲကွယ် ချစ်မြဲအတိုင်းချစ်မယ်.. အို...ကိုယ့်ဘက်ကမငြူစူ...

မတူတဲ့ဘ၀ပါမဆိုလိုက်နဲ့ကွာ ကြင်နာတတ်သူလူသားချင်းချစ်သည်
မင်းနဲ့ထပ်တူကြံစည်သမျှပိုင်ဆိုင်ချင်တာ မဝေးဘူးချစ်သူ အိပ်မက်များ..

ဘာမှလည်းမစဉ်းစားနဲ့တော့အတိတ်ကို မေ့ပစ်လိုက်ပေါ့ခေါင်းတွေပူ
လိုချင်တာဘာမှမရရင်လည်း အချစ်နဲ့ရှေ့ဆက်ဝံ့သူဘယ်တော့မှမငြီးငြူ
နောက်ဆုံးတစ်နေ့တို့နှစ်ယောက်ပျော်နိုင်မှာ ဒီရည်မှန်းချက်ရင်မှာအတူ...

အားငယ်နေလား အရှုံးပေးပြီးထွက်မပြေးနဲ့ အမြဲ ကြည်ဖြူစွာမင်းကိုချစ်နေမှာ
အနာဂတ်အတွက်အသင့်ရှိနေသူ ရင်ထဲမှာအချစ်စိတ်နဲ့အေးမြစေချင်တယ်
ကိုယ်နေပေးမယ်အချစ်လေးအနား အားငယ်နေလား အရှုံးပေးပြီးထွက်မပြေးနဲ့
အရာရာကိုခွင့်လွှတ်ပေးမယ့်နားလည်သူလေးမို့ မင်းအခုထိရင်ထဲမှာ
အရင်လိုရှိတုန်းပဲကွယ် ချစ်မြဲအတိုင်းချစ်မယ်.. အို...ကိုယ့်ဘက်ကမငြူစူ...

အားငယ်နေလား အရှုံးပေးပြီးထွက်မပြေးနဲ့ အမြဲ ကြည်ဖြူစွာမင်းကိုချစ်နေမှာ
အနာဂတ်အတွက်အသင့်ရှိနေသူ ရင်ထဲမှာအချစ်စိတ်နဲ့အေးမြစေချင်တယ်
ကိုယ်နေပေးမယ်အချစ်လေးအနား....
အားငယ်နေလား ကံတရားကိုတို့ယုံကြည်စွာလေ အရှေ့မှာရင်ဆိုင်
ရုန်းထွက်ကြမယ် အဆိုးတွေလွန်မြောက်မှ တို့အကောင်းဘက်ကိုရောက်မယ်
ခံယူနေရင်းနဲ့လေ ချစ်မြဲအတိုင်းချစ်မယ် အို...ကိုယ့်ဘက်ကအပြစ်မမြင်..

Download Link
Mediafire

0 comments:

Post a Comment