ရင်ထဲကဝေဒနာလေးတွေနင်မသိခဲ့ ငါမခံနိုင်ဘူး
မင်းနဲ့ခွဲခွာ တို့မဝေးရဲ အရင်လိုဆက်နေချင်သေးတယ်
ဝန်ခံလိုက်မယ် မင်းထက်တို့ကချစ်တယ် ပိုချစ်သော
အသည်းတွေကြွေရုံနဲ့ မင်းလေးမပျော်နဲ့…
တို့ရဲ့ချစ်တဲ့စိတ်က မင်းအတွက်သိပ်လွယ် တွေးကြည့်ပေါ့
ငါ့ရဲ့ဘက်ဆုံးရှုံးမှုတွေနားမလည် ကွယ်ရာမှာငိုနေမိခဲ့
ယုံကြည်စရာ ကွယ်ပျောက်သွားခဲ့… ဒီအချိန်မျှော်နေချင်တယ်
မင်းရဲ့ချစ်စကားသံ ကိုယ်ရင်မောမှုတွေ မင်းတစ်ယောက်နားလည်
ဘ၀ကံကြွေးလိုမျိုး နင်ကထားခဲ့…
ရင်မှာရှိနေကတိစကားများ ဟိုအရင်ကတစ်ချိန်နင်ပေးသွား
လွယ်လွယ်မဟုတ်ဘူး သိပ်ချစ်ဖူးတာပြန်စဉ်းစား…
ပျော်စရာလေးတွေဘယ်အနားမှာ မျှော်နေမိတယ်မင်းမရှိတော့တဲ့အဆုံးမှာ
ငါ့အသည်းနွမ်းအောင် ကြွေအောင်လို့ရက်စက်မှာလား…

လွယ်လွယ်မဟုတ်ဘူး သိပ်ချစ်ဖူးတာပြန်စဉ်းစား….

0 comments:
Post a Comment